လူဝင်စားနွားကလေး

July 21, 2017

အွန်လိုင်းပေါ် နာမည်ကြီးနေသည့် အံ့ဖွယ် လူဝင်စားနွားကလေး (ရုပ်သံ)

အွန်လိုင်းပေါ် နာမည်ကြီးနေသည့် အံ့ဖွယ် လူဝင်စားန... သေဆုံးသွားခဲ့တဲ့ အမျိုးသားတဦးရဲ့ ပြုမူလှုပ်ရှားပုံတွေအတိုင်း အံ့သြဖွယ် လှုပ်ရှားမှုတွေနဲ့ လူဝင်စား နွားကလေးတကောင်အကြောင်း အင်တာနက် လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ စိတ်ဝင်စားမှုတွေ မြင့်တက်နေပါတယ်။ ဒီအဖြစ်အပျက်ဟာ ကမ္ဘောဒီးယားနိုင်ငံ အရှေ့မြောက်ပိုင်း ကရာတီခရိုင်ထဲမှာ ဖြစ်ခဲ့တာဖြစ်ပြီး အသက် ၇၄ နှစ်အရွယ် ခင်မ်ဟန် အမည်ရတဲ့ အမျိုးသမီးကြီးတဦးက နွားကလေးကို မွေးစားထားခဲ့တာပါ။ ခုချိန်မှာတော့ အဲဒီနွားကလေးဟာ ၅ လသားအရွယ် ရှိနေပြီး လွန်ခဲ့တဲ့တနှစ်ကျော်က ကွယ်လွန်သွားခဲ့တဲ့ ခင်ပွန်းဖြစ်သူ တော်လ်ခွတ်တ် ဝင်စားတာလို့ သူက ယုံကြည်နေတာပါ။ ခင်မ်ဟန်က နွားကလေးရဲ့ ပြုမူလှုပ်ရှားဟန်တွေဟာ သူ့ရဲ့ခင်ပွန်းနဲ့ တကယ့်ကို တူနေတယ်လို့ ပြောပါတယ်။ “သူ့ကို ကျမယောက်ျားဝင်စားတယ်ဆိုတာ ယုံကြည်တယ်ရှင့်။ ဘာလို့လဲဆိုတော့ သူလုပ်သမျှ ဘာမဆို ကျမယောက်ျားရှိတုန်းက အပြုအမူအတိုင်းပဲမို့လို့လေ။” အဲဒီနွားပေါက်ကလေးကို ပြီးခဲ့တဲ့ မတ်လကမှ မွေးဖွားခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ အင်တာနက် လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ နာမည်ကြီးနေခဲ့ပါတယ်။ ဖေ့စ်ဘွတ်ခ်ပေါ် ပျံ့နှံ့နေတဲ့ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ နွားကလေးဟာ လူတယောက်လို လှေကားအတက်အဆင်း လုပ်တာတွေ၊ နေအိမ်တွင်း လှုပ်ရှားမှုတွေကို တွေ့ရပါတယ်။ လာရောက်လေ့လာတဲ့ အသက် ၃၂ နှစ်အရွယ် သက်ခ်ျဗင်လို့ အမည်ရတဲ့ အမျိုးသမီးတဦးကတော့ “ဒါဟာ သမားရိုးကျမဟုတ်တဲ့ နွားတကောင်ရဲ့ အိမ်တွင်းနေထိုင်ပုံမျိုးပါ။ ဒါကြောင့် ဒီအိမ်ကို လာလေ့လာကြည့်တာ” လို့ ပြောပါတယ်။ လက်ရှိမှာတော့ သူတို့အိမ်ကို နေ့စဉ် လာရောက်ကြည့်ရှု လည်ပတ်ကြတဲ့ ဧည့်သည် ၁၀၀ လောက်ထိ ရှိနေတယ်လို့ ဆိုပါတယ်။ သစ်သားအိမ်ထဲမှာ နွားကလေးကို သန့်စင်ပေးတာ၊ ကျွေးမွေးတာအပြင် သေဆုံးသူရဲ့ အိပ်ရာကုတင်နဲ့ အိပ်စေတာ ဖြစ်ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံမှာ လူဦးရေရဲ့ ၉၅ ရာခိုင်နှုန်းဟာ ဗုဒ္ဓဘာသာဝင်တွေဖြစ်ကြပြီး သေဆုံးပြီး နောက်ဘဝရှိတယ်လို့ ယုံကြည်ကြတာပါ။ ခင်မ်ဟန်က “ကျမ သူ့ကို ဘဝတလျှောက်လုံး ပြုစုစောင့်ရှောက်သွားမှာပါ” လို့ ပြောပါတယ်။
5 years Ago
Up