လူရာချီပါဝင်သည့် ဂျပန်ရိုးရာ ရေချိုးပွဲတော် (ရုပ်သံ)

January 10, 2016

လူရာချီပါဝင်သည့် ဂျပန်ရိုးရာ ရေချိုးပွဲတော် (ရုပ်သံ)

ဂျပန်နိုင်ငံ တိုကျိုက တက်ပုဇို အီနာရီ ဘုရားကျောင်းတခုမှာ ဇန်န၀ါရီ ၁၀ ရက်နေ့ မနက်က ဂျပန်လူမျိုးတွေ ရာနဲ့ချီ စုဝေးပြီး ရှင်တိုရိုးရာ ရေချိုးပွဲ ကျင်းပခဲ့ကြပါတယ်။ သူတို့ဟာ နှစ်စဉ် ဆောင်ရွက်လေ့ရှိတဲ့ ရှင်တို ရိုးရာအစဉ်အလာအရ စိတ်ဝိညာဉ်ကို သန့်စင်စေပြီး နှစ်သစ်မှာ ကျန်းမာရေးကောင်းဖို့အတွက် ဆုတောင်းကြပါတယ်။ လန်ကွတ်တီ ၀တ်ထားတဲ့ အမျိုးသားတွေနဲ့ အဖြူရောင် ရေချိုးဝတ်ရုံတွေ ၀တ်ထားကြတဲ့ အမျိုးသမီးတွေဟာ ရေထဲဝင်စိမ် မချိုးသေးခင်မှာ သွေးပူသွားအောင် ဘုရားကျောင်းကို တပတ် ပတ်ပြေးပြီး  အော်ဟစ်ကြွေးကြော်ကြပါတယ်။ မကောင်းတဲ့ အတွေးအမြင် အယူအဆတွေ ပပျောက်အောင်လို့ ဒီရေခဲရေထဲမှာ နှစ်တိုင်း ရေလာချိုးတယ်လို့ ၄ နှစ်ဆက်တိုက် ရေချိုးပွဲ လာဆင်နွှဲသူ တိုမီယို ဟာရှိမိုတိုက ပြောပါတယ်။ ဒီရေချိုးပွဲကို ပထမဆုံး ဆင်နွှဲဖူးသူ အမေရိကန်လူမျိုး ဖိလစ် စတီဖန်ကလည်း ပထမ စစချင်းတော့ ခြေတချောင်းကို အရင်ချကြည့်ဖို့တောင် စိုးရိမ်မိခဲ့ပေမယ့် လူတိုင်းလုပ်နေကြလို့ သူလည်း ၀င်လုပ်ခဲ့တယ်လို့ ပြောပါတယ်။ ရေထဲ အားနဲ့အင်နဲ့ ၀င်ချိုးလိုက်ရာကနေ သဘောကျသွားပြီး ကြောက်လို့ ထွက်ပြေးလိုက်မယ်ဆိုတာမျိုးတောင် မတွေးမိတော့ပါဘူးလို့ ဆိုပါတယ်။ ဒီပွဲကို နှစ်သစ်ကူးပြီးချိန် ဒုတိယ တနင်္ဂနွေနေ့မှာ ကျင်းပလာတာ ခုဆို ၆၁ နှစ်မြောက် ဖြစ်ပါတယ်။
7 years Ago
Up