လူမှုရေးဝန်ကြီး

May 17, 2019

ကရင်ပြည်နယ် လူမှုရေးဝန်ကြီး ကျန်းမာရေးကြောင့် နုတ်ထွက်

ကရင်ပြည်နယ် အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးဌာန၀န်ကြီး ဒေါက်တာ တင်ဝင်းကျော်ကို သဘောဆန္ဒအလျောက် ၂၀၁၉ ဇွန်လ ၁ ရက်က စပြီး ပြည်နယ်ဝန်ကြီး ရာထူးတာဝန်ကနေ နုတ်ထွက်ခွင့် ပြုလိုက်တယ်လို့  နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ပါတယ်။ ခုလိုတာဝန်ကနေ နုတ်ထွက်ရတဲ့ အကြောင်းရင်း အပြည့်အစုံကိုတော့ ထုတ်ပြန်ချက်မှာ ဖော်ပြထားခြင်းမရှိပါဘူး။ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၄ ပုဒ်မခွဲ (က)နဲ့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၅၂ ပုဒ်မခွဲ (ခ)တို့ပါ ပြဋ္ဌာန်းချက်တွေအရ နုတ်ထွက်ခွင့်ပြုလိုက်တာလို့ သမ္မတ ဦးဝင်းမြင့် လက်မှတ်ရေးထိုးထုတ်ပြန်တဲ့ အမိန့်စာမှာ ဖော်ပြပါတယ်။ ဒေါက်တာ တင်ဝင်းကျော်မှာ အစာအိမ် အူလမ်းကြောင်း(ကင်ဆာ) ရောဂါဝေဒနာခံစား နေရတဲ့အတွက် ကျန်းမာရေးအရ အနားယူဆေးကုသမှု ခံယူရမယ့် အခြေအနေရှိနေတဲ့ အတွက် ရာထူးမှနှုတ်ထွက်ခွင့်ပြုခဲ့ရတာလို့ ကရင်ပြည်နယ် အစိုးရအဖွဲ့ဝင် မွန်တိုင်းရင်းသားရေးရာဝန်ကြီး ဦးမင်းတင်ဝင်းက ပြောပါတယ်။ ဒေါက်တာ တင်ဝင်းကျော်ဟာ လှိုင်းဘွဲမြို့နယ် မဲဆန္ဒနယ်မြေ အမှတ် ၁ က အနိုင်ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လွှတ်တော်ကိုယ်စားလှယ်တဦးလည်း ဖြစ်ပြီး ဒေသတွင်း ပညာရေး၊ ကျန်းမာရေးနဲ့ လူမှုဖွံဖြိုးရေး ကဏ္ဍတွေမှာ အားတက်သရော လုပ်ဆောင်ခဲ့သူဖြစ်သလို ဒေသခံတွေရဲ့ လေးစားထောက်ခံမှု ရရှိထားသူ ဖြစ်ပါတယ်။
2 years Ago
Up