လူမှုကွန်ရက်ပေါ် နာမည်ကြီးလာသည့် ရုရှား အမျိုးသမီး ဘောလီဘောကစားသမား

May 11, 2016

လူမှုကွန်ရက်ပေါ် နာမည်ကြီးလာသည့် ရုရှား အမျိုးသမီး ဘောလီဘောကစားသမား

ရုရှားက အမျိုးသမီးဘောလီဘောကစားသမား အလီဆာ မန်ယိုနောက်ခ်ဟာ ဘာဘီရုပ်နဲ့ တူတယ်ဆိုပြီး လူမှုရေးကွန်ရက်ပေါ်မှာ နာမည်ကြီးလာပါတယ်။ ဘောလီဘောပြိုင်ပွဲတခုမှာ ဘာဘီရုပ်နဲ့ တူတဲ့ သူရဲ့ ဓာတ်ပုံ အင်တာနက်မှာ ပျံ့နှံ့သွားပြီးတဲ့နောက် အလီဆာနဲ့ ပတ်သက်ပြီး လူမှုရေးကွန်ရက် အသုံးပြုသူတွေက သိလိုစိတ်များလာတာ ဖြစ်ပါတယ်။ ရွှေရောင်ဆံပင်နဲ့ သူ့ကို အများစုက အမေရိကန်ပြည်ထောင်စုကလို့ ထင်မှတ်ကြပေမယ့် တကယ်တော့ သူက ရုရှားက အလှမယ်တဦးလည်း ဖြစ်နေပါတယ်။ အလှပြိုင်ပွဲတွေ တော်တော်များများမှာလည်း အလီဆာက ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးသူ တဦးလည်း ဖြစ်ပါတယ်။ အသက် ၁၉ နှစ် အလီဆာက ၂၀၁၅ ခုနှစ် ရုရှားအလှမယ်ပြိုင်ပွဲမှာ ဆုရထားသလို ထိုင်းမှာ ကျင်းပတဲ့ နိုင်ငံတကာ မော်ဒယ်ပြိုင်ပွဲမှာလည်း ရုရှားကိုယ်စားပြု ၀င်ပြိုင်ခဲ့ပါတယ်။  
6 years Ago
Up