လူမှုကွန်ရက်အသုံးပြုမှု ပိတ်ပင်ထားသည့် မြောက်ကိုရီးယားတွင် ဖေ့စ်ဘွတ်ခ်အတု အသုံးပြု

A d v e r t i s e m e n t With Us

May 31, 2016

လူမှုကွန်ရက်အသုံးပြုမှု ပိတ်ပင်ထားသည့် မြောက်ကိုရီးယားတွင် ဖေ့စ်ဘွတ်ခ်အတု အသုံးပြု

ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာဟာ အခုနှစ်ရဲ့ ပထမသုံးလပတ်မှာတင် အသုံးပြုသူ ၁ ဒသမ ၆၅ ဘီလီယံ ရှိလာခဲ့ပြီး ကမ္ဘာတလွှား အချင်းချင်းဆက်သွယ်မှုမှာ အကျော်ကြားဆုံး လူမှုကွန်ရက် ဆက်သွယ်မှုတခု ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် ခုချိန်မှာတော့ ကမ္ဘာနဲ့ အဆက်အသွယ်ဖြတ်ပြီး သီးခြားကင်းလွတ်နိုင်ငံ တနိုင်ငံဖြစ်တဲ့ မြောက်ကိုရီးယားနိုင်ငံမှာလည်း ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာကို သီးခြားကိုယ်ပိုင်ပွားကာ အသုံးပြုလာပြီလို့ Asia Correspondent သတင်းမှာ မေလ ၃၀ ရက်နေ့က ဖော်ပြပါတယ်။ ဒိုင်အမည်ရ အင်တာနက် ဆန်းစစ်လေ့လာ အသုံးပြုမှုဆိုင်ရာ ကုမ္ပဏီဟာ ကိုယ်ပိုင်အင်တာနက်စနစ် (Domain Name System) ကို အခြေခံပြီး လေ့လာမှုတွေအရ မြောက်ကိုရီးယားနိုင်ငံဟာ ဖေ့စ်ဘွတ်ခ်ကို သီးခြားစနစ်တခုနဲ့ ပွားယူတုပ သုံးစွဲနေတာကို တွေ့ရှိခဲ့ရတာပါ။ နည်းပညာ အွန်လိုင်းမဂ္ဂဇင်းတစောင်ဖြစ်တဲ့ မားသားဘုတ်ကတော့ မြောက်ကိုရီးယား နိုင်ငံတွင်းက ဘယ်သူမဆို ဖေ့စ်ဘွတ်ခ်ကို ၀င်လိုက်တာနဲ့ သူတို့အသုံးပြုသူတွေရဲ့ နာမည်တွေ ပေါ်လာမှာမဟုတ်ဘဲ လက်ရှိအသုံးပြုနေတဲ့ “ကျနော်တို့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှ ကြိုဆိုပါတယ်” ဆိုတဲ့ စာတန်းသာ ပေါ်လာတယ်လို့ ရေးခဲ့ပါတယ်။ ဒိုင်နည်းပညာကုမ္ပဏီမှ သုတေသနပညာရှင် ဒေါင်မက်ဒိုရီက “ဒါဟာ အသစ်တခုပဲ။ ၀က်ဘ်ဆိုက်စာမျက်နှာ အနည်းစုကသာ မြောက်ကိုရီးယားက အသုံးပြုနေတာကို သိနိုင်ပြီး ဖြေရှင်းနိုင်လိမ့်မယ်” လို့ ပြောလိုက်တာပါ။ သူ့အနေနဲ့ မြောက်ကိုရီးယားနိုင်ငံမှာ ခုလို အင်္ဂလိပ်ဘာသာနဲ့ ၀က်ဘ်ဆိုက် စာမျက်နှာတခုကို ဘယ်သူက ဖန်တီးပေးနိုင်ခဲ့သလဲ ဆိုတာကို မသိနိုင်ဘဲ ထူးဆန်းနေတယ်လို့ ဆိုပါတယ်။ မြောက်ကိုရီးယားနိုင်ငံမှာ လက်ရှိအသုံးပြုနေတဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာတုဟာ မူလဖေ့စ်ဘွတ်ခ်စာမျက်နှာအတိုင်း နောက်ဆုံးရသတင်းတွေ ကြည့်နိုင်တာတွေ၊ တယောက်နဲ့တယောက် စာတိုပို့ ဆက်သွယ်နိုင်တာတွေအပြင် ကြိုက်နှစ်သက်မှုခလုတ်ပါ ထည့်သွင်းထားတာဖြစ်တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့လကတော့ မြောက်ကိုရီးယားနိုင်ငံဟာ ဖေ့စ်ဘွတ်ခ်၊ ယူကျုနဲ့ တွစ်တာ လူမှုကွန်ရက် စာမျက်နှာတွေ အသုံးပြုတာကို တားမြစ်ထားခဲ့တာပါ။ မက်ဒိုရီကတော့ လက်ရှိ မြောက်ကိုရီးယား အစိုးရနဲ့ ပတ်သက်ဆက်နွယ်သူတွေ အပါအ၀င် အင်တာနက်အသုံးပြုသူ ရာထောင်နဲ့ချီ ရှိလိမ့်မယ်လို့ ခန့်မှန်းလိုက်ပါတယ်။
5 years Ago
Up