လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့်ဓာတ်ပုံ သူမဟုတ်ဟု ထိုင်းနာမည်ကြီး တင်းနစ်သမား ငြင်းဆို

December 5, 2015

လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့်ဓာတ်ပုံ သူမဟုတ်ဟု ထိုင်းနာမည်ကြီး တင်းနစ်သမား ငြင်းဆို

လတ်တလော ထိုင်းလူမှုကွန်ရက်နဲ့ အင်တာနက် စာမျက်နှာပေါ်မှာ ပျံ့နှံ့နေတဲ့ ဓာတ်ပုံတွေဟာ သူမဟုတ်ကြောင်း ထိုင်းနာမည်ကြီး တင်းနစ်ကစားသမား ပါရာဒွန် ဆေချာဖန်းက ပြောကြားလိုက်ပါတယ်။ တင်းနစ် ကစားသမား ပါရာဒွန်နဲ့အတူ ထိုင်းသရုပ်ဆောင်မင်းသမီး ခွမ် ဦးဆာမနီ တို့ နှစ်ဦး ချစ်တင်းနှောနေတဲ့ ဓာတ်ပုံနဲ့ ဗွီဒီယိုကလစ်တွေ အင်တာနက် စာမျက်နှာမှာ ပျံ့နှံ့နေတဲ့အပေါ် ပါရာဒွန်က ငြင်းဆိုလိုက်တာဖြစ်ကြောင်း ဒီဇင်ဘာလ ၄ ရက်နေ့ ထိုင်း မက်တီချွန် အွန်လိုင်းသတင်းမှာ ရေးသား ဖော်ပြထားပါတယ်။ ဒီမတိုင်ခင် ထိုင်းသရုပ်ဆောင် မင်းသမီးဟာ အင်တာနက် စာမျက်နှာတွေမှာ သူမရဲ့ ကိုယ်ကျင့် သိက္ခာ ကျဆင်းစေတဲ့ လုပ်ကြံ ဖန်တီထားမှုတွေနဲ့ ပတ်သက်လို့ ရဲစခန်းမှာ အမှုဖွင့်ခဲ့ပါသေးတယ်။ ဒီတကြိမ်ပါဆိုရင် နှစ်ကြိမ် ရှိပြီး ဖြစ်ပါတယ်။
6 years Ago
Up