လူမှုကွန်ရက်မီဒီယာ

October 5, 2021

လူမှုကွန်ရက်မီဒီယာ ၃ ခု ပြတ်တောက်မှုအတွက် ဖေ့စ်ဘွတ်ခ်စီအီးအို တောင်းပန်

ဖေ့စ်ဘွတ်ခ်ရဲ့ အမှုဆောင် အရာရှိချုပ် မာ့ခ်ဇူကာဘာ့ဂ်ဟာ Facebook, Instagram နဲ့ Whatsapp လူမှုမီဒီယာတွေ ၆ နာရီကြာ ပြတ်တောက်မှုအတွက် အောက်တိုဘာ ၅ ရက်မှာ တောင်းပန်လိုက်ပါတယ်။

ဇူကာဘာ့ဂ်ဟာ “ခင်ဗျားတို့ ဂရုစိုက်တဲ့လူတွေနဲ့ အဆက်အသွယ် ဆက်ရှိနေဖို့ ကျနော်တို့ရဲ့ ဝန်ဆောင်မှုအပေါ် ခင်ဗျားတို့ ဘယ်လောက် အားကိုးတယ်ဆိုတာ ကျနော် သိပါတယ်။ ဒီကနေ့ ပြတ်တောက်မှုအတွက် ဝမ်းနည်းပါတယ်” လို့  ဖေ့စ်ဘွတ်ခ်မှာ ရေးခဲ့ပါတယ်။

လူမှုကွန်ရက်မီဒီယာ ၃ ခုဟာ ဖြစ်ဖူးသမျှ အကြီးဆုံး ပြတ်တောက်သွားခဲ့တယ်လို့ အင်တာနက်တွေကို စောင့်ကြည့်နေတဲ့အုပ်စု Downdetector က ပြောပါတယ်။

သုံးစွဲသူတွေ ကြည့်ချင်တဲ့ အင်တာနက် စာမျက်နှာကို သွားခွင့်ပြုတဲ့ ဖေ့စ်ဘွတ်ခ်ရဲ့ Domain Name System (DNS) မှာ အမှားအယွင်း ဖြစ်ခဲ့တာလို့ ဖေ့စ်ဘွတ်ခ် အင်တာနက်စာမျက်နှာက သတင်းစကား ပြောထားပါတယ်။

အလားတူ ဖြစ်ရပ်မျိုးဟာ အာခါမိုင်နည်းပညာ နိုင်ငံတကာကော်ပိုရေးရှင်းရဲ့ အင်တာနက် စာမျက်နှာ အတော်များများမှာ ဇူလိုင်လက ဖြစ်ခဲ့ဖူးပါတယ်။

1 year Ago
Up