လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်အကောင့်

April 1, 2020

ဒေါ်အောင်ဆန်းစုကြည် လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ် အကောင့်စတင်ဖွင့်လှစ် 

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့အမည်နဲ့ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်အကောင့်တခု ဖွင့်လှစ်လိုက်ပြီး စတင်သုံးစွဲနေပါတယ်။ သမ္မတရုံးပြောခွင့်ရသူ ဦးဇော်ဌေးက ဒါဟာ တရားဝင်အကောင့်ဖြစ်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါကာလမှာပဲ ဖွင့်လိုက်တာလို့ သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။ မတ်လ ၃၁ ရက် ညပိုင်းမှာ စဖွင့်လိုက်တာ ဖြစ်ပြီး “Facebook ကိုသုံးဖို့ ဆန္ဒလုံးဝမရှိခဲ့ပါ။ ဒီအချိန်မှာတော့ COVID-19 စိန်ခေါ်မှုတွေနဲ့ပတ်သက်ပြီးပြည်သူတွေနဲ့ မြန်မြန်ဆန်ဆန် ထိထိရောက်ရောက်ဆက်သွယ်နိုင်ဖို့သုံးလိုက်ပါတယ်” လို့ ဒီနေ့ ညနေမှာ ရေးသားထားပါတယ်။ ဖေ့စ်ဘွတ်ခ်ရဲ့ အပြာရောင် အမှန်ခြစ် အမှတ်အသားပါ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖေ့စ်ဘွတ်ခ် အကောင့်ဟာ ဖွင့်လှစ်ပြီး နာရီပိုင်းအတွင်း Follower နှစ်သိန်းခွဲလောက် ဖြစ်သွားပြီး ပထမဆုံးတင်တဲ့ ပို့စ်မှာလည်း မြန်မာစံတော်ချိန် ညနေ ၅ နာရီခွဲလောက်အထိ  Likes 128 K ၊ Comments ပေးသူပေါင်း 20 K နဲ့ Share လုပ်သူပေါင်း 29 K လောက်ရှိနေပြီဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ်ကာလကတော့ twitter လူမှုကွန်ရက် အကောင့်သုံးလိုတဲ့ အကြောင်း ပြောကြားခဲ့ဖူးပါတယ်။   
2 years Ago
Up