လူမှုကူညီရေးအသင်းရုံး

September 24, 2021

မန္တလေး လူမှုကူညီရေးအသင်းရုံး လက်လုပ်ဗုံးဖြင့် ပစ်ခံရ

မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ နန်းဦးလွင်ကျေးရွာအုပ်စု၊ ကန်ကောက်ကျေးရွာ၊ မန္တလေး - ပြင်ဦးလွင် မြို့ရှောင်လမ်းက လူမှုကူညီရေးအသင်းရုံးကို စက်တင်ဘာလ ၂၃ ရက် မွန်းလွဲ ၃ နာရီခွဲလောက်က လက်လုပ်ဗုံးနဲ့ ပစ်ခံရတဲ့ဖြစ်စဉ် ဖြစ်ခဲ့ပါတယ်။

မန္တလေး - ပြင်ဦးလွင် မြို့ရှောင်လမ်း အရှေ့ဘက်ရှိ သုဂတိကမ္မ လူမှုကူညီရေးအသင်းရုံးကို အမည်မသိ လူငယ် နှစ်ဦးက ဆိုင်ကယ်နဲ့ လာပစ်တာလို့ အနီးပတ်ဝန်းကျင်ရှိ ပြည်သူတချို့က ပြောပါတယ်။

ဗုံးကွဲပြီး မကြာခင်မှာ အာဏာသိမ်း စစ်ကောင်စီရဲ့ အကြမ်းဖက် လက်နက်ကိုင်တပ်သားတွေ ရောက်လာကာ အနီးပတ်ဝန်းကျင်မှာ လှည့်လည်စစ်ဆေးတာတွေတာ လုပ်ခဲ့တယ်လို့ သိရပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ သိရပါတယ်။

1 year Ago
Up