လူမှုကယ်ဆယ်ရေးအသင်း

May 2, 2021

မိုးကုတ် လူမှုကယ်ဆယ်ရေးအသင်းကားများနှင့် အဖွဲ့ဝင် ၃၀ ကို အကြမ်းဖက်စစ်အုပ်စု ဖမ်းဆီး

မန္တလေးတိုင်း၊ မိုးကုတ်မြို့က လူမှုကယ်ဆယ်ရေးအသင်းကားတွေနဲ့ အဖွဲ့ဝင်အယောက် ၃၀ ကို မေ ၂ ရက်နေ့မှာ အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖမ်းဆီးခံရတဲ့အဖွဲ့ဝင် ၃၀ ထဲမှာ အမျိုးသမီးအဖွဲ့ဝင်တွေလည်း ပါတယ်လို့ သိရပြီး မိုးကုတ်မြို့ လူမှုကယ်ဆယ်ရေးအသင်း ဥက္ကဋ္ဌကို  ဆက်သွယ်မေးမြန်းခဲ့ပေမယ့် မရသေးပါဘူး။

လူမှုကယ်ဆယ်ရေး သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုဟိန်းထက်မောင်ပါ ပါသွားတယ်လို့ သိရပါတယ်။

လူမှုကယ်ဆယ်ရေးအသင်းရုံးနေရာကို စစ်ကားတွေနဲ့တက်လာပြီး ခဏအကြာမှာ လူမှုကယ်ဆယ်ရေး ကားတွေနဲ့ စစ်ကားတွေ အတူတူပြန်ဆင်းလာပြီး လူမှုကယ်ဆယ်ရေး အဖွဲ့ဝင်တွေလည်း ပါသွားတာလို့ သိရပါတယ်။

1 week Ago

April 12, 2021

လူနာသွားပို့သည့် နန်းတော်ရှေ့လူမှုကယ်ဆယ်ရေးအသင်းသား ၆ ဦး ဖမ်းဆီးခံရ

မန္တလေးမြို့ အောင်မြေသာစံမြို့နယ် နန်းတော်ရှေ့လူမှုကယ်ဆယ်ရေးအသင်းက အသင်းသား ၆ ဦးကို လူနာသွားပို့နေတဲ့အချိန် ဧပြီ ၁၁ ရက် ည ၈ နာရီကျော်က ဖမ်းဆီးခံလိုက်ရတယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရသူ ၆ ဦးအနက် ၃ ဦးမှာ အသက်မပြည့်သေးတာကြောင့် ပြန်လွှတ်ပေးခဲ့ပေမယ့် ကျန် ၃ ဦးကို ညမထွက်ရအမိန့် ဖောက်ဖျက်တာကြောင့် ထောင်ဒဏ် ၃ လချခံရကာ အသင်းကားလည်း ပြန်မရဘူးလို့ နန်းတော်ရှေ့လူမှုကယ်ဆယ်ရေးအသင်း တာဝန်ရှိသူက ဆိုပါတယ်။

ဒီလို ဖမ်းဆီးထောင်ချနေတာတွေကြောင့် ည ၈ နာရီအချိန် အရေးပေါ်လူနာ ပို့ဆောင်တာတွေကို ခေတ္တရပ်နားထားမယ်လို့ သိရပါတယ်။

1 month Ago
Up