လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်

November 12, 2021

မုဒုံက လူမှုကယ်ဆယ်ရေးအဖွဲ့ဝင် ၁ ဦး ဖမ်းဆီးခံရ

မွန်ပြည်နယ်၊ မုဒုံမြို့နယ် လူမှုကယ်ဆယ်ရေးအဖွဲ့ဝင် ကိုဆန်းလင်းဦးဟာ နိုဝင်ဘာ ၁၁ ရက် နေ့လယ် ၂ နာရီခွဲအချိန်လောက်က  ဖမ်းဆီးခံလိုက်ရတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတွေက ဒီဗွီဘီကို ပြောပါတယ်။

ကိုဆန်းလင်းဦးကို စစ်ကောင်တပ်ဖွဲ့ဝင်တွေက မော်လမြိုင်သို့ လာရောက် ဖမ်ဆီးသွားခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီနဲ့ နီးစပ်သူတွေအဆိုအရ ကိုဆန်းလင်းဦးဟာ CDM ဝန်ထမ်းတွေနဲ့ အဆက်အသွယ် ရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်ဖြင့် ဖမ်းဆီးသွားခဲ့တာလို့ သိရပါတယ်။

ဖမ်ဆီးခံလိုက်ရတဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင် ကိုဆန်းလင်းဦးကို စစ်ကောင်စီက ဘယ်နေရာမှာ ဖမ်ဆီးထိန်းသိမ်းထားလဲဆိုတာ မသိရသေးသလို လက်ရှိအချိန်ထိ မိသားစုဝင်တွေနဲ့ အဆက်အသွယ် မရသေးပါဘူး။

မွန်ပြည်နယ်မှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တွေ မကြာခဏ ဖမ်းဆီးစစ်ဆေးမေးမြန်းခံနေပါတယ်။

ဖမ်းဆီးခံရတဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင် တချို့ ပြန်လည် လွတ်မြောက်လာပေမယ့် တချို့ကိုတော့ စစ်ကောင်စီက ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ နဲ့ အမှုဖွင့်အရေးယူထားပါတယ်။

1 year Ago

January 9, 2021

မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင် ၁ ဦး ကိုဗစ်ကူးစက်ခံရ၊ အဖွဲ့ဝင်အချို့ ကွာရန်တင်းဝင်

မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်း) ရဲ့ ကုသိုလ်ပြုအဖွဲ့ဝင် တစ်ဦး ကိုဗစ် ၁၉ ရောဂါကူးစက်ခံခဲ့ရတာကြောင့် ထိတွေ့ခဲ့တဲ့ အဖွဲ့ဝင် ၂၅ ဦးလောက်ကို ကွာရန်တင်းစင်တာ ပို့ဆောင်ထားပြီး ၇ ရက် အသွားအလာ ကန့်သတ်ထားတယ်လို့ သိရပါတယ်။ အသွားအလာကန့်သတ်ထားချိန် အတွင်းမှာ တိုင်းရုံးအနေနဲ့  ကူညီ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ရပ်နားထားမှာဖြစ်ပြီး  တိုင်းဒေသကြီးအတွင်း မြို့နယ်အဖွဲ့ ၀င်တွေ နဲ့သာ ဆက်လက်ဆောင်ရွက်ပေးသွားမယ်လို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်း ကော်မတီ) တာဝန်ခံ ကိုစွမ်းပြည်အောင်က ပြောပါတယ်။ “ကျနော်တို့ အဖွဲ့ဝင်တစ်ယောက် အနံ့ပျောက်လို့ ဧရာဝတီဖောင်ဒေးရှင်းမှာ သွားစစ်တဲ့အခါမှာ ပိုးတွေ့တယ်ပေါ့။ အဲ့ဒီတော့ ကျနော်တို့အဖွဲ့ဝင်တွေ Q ၀င်တဲ့သူတွေ ၀င်တယ်၊ သာမန် ကွန်တက်ဖြစ်တဲ့သူတွေ သူတို့ Home stay အနေနဲ့ နေရတယ်။ လက်ရှိမှာတော့ ကျနော်တို့ရုံးက ကိုဗစ်ပိုးလူနာ ကောက်တာတွေ အကုန်လုံးကို ရပ်လိုက်တယ်။”   အခုလို ရပ်နားထားမှာဖြစ်ပေမယ့်လည်း ရတနာပုံ တက္ကသိုလ် ကွာရန်တင်းစင်တာနဲ့ မန္တလာ တက္ကသိုလ် စင်တာတွေကို မြင်းခြံမြို့နယ်၊ ရွာငံမြို့နယ် ရုံးတွေက အဖွဲ့ဝင်တွေကို အားဖြည့်ပြီး ပုံမှန်အတိုင်း ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ တိုင်းရုံးအဖွဲ့ကိုတော့ ကွာရန်တင်း၀င်နေသူတွေ ပြန်လည်လည်ပတ်နိုင်တဲ့အထိ ရပ်နားထားမယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်း ကော်မတီ) မှာ အသင်းဝင် ၈၀ လောက် ပါဝင် လုပ်ကိုင်နေကြတယ်လို့ သိရပါတယ်။ ခင်ပြည့်စုံဝင်း
2 years Ago
Up