လူမျိုးစွဲမထားကြရန်နှင့် ကိုယ့်ကိုယ်ကိုယ် နှိမ့်ချကြရန် အောင်လအန်ဆန် တိုက်တွန်း

December 4, 2019

လူမျိုးစွဲမထားကြရန်နှင့် ကိုယ့်ကိုယ်ကိုယ် နှိမ့်ချကြရန် အောင်လအန်ဆန် တိုက်တွန်း

လူမျိုးစွဲမထားဖို့နဲ့ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချကြဖို့ ONE Championship ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်က တိုက်တွန်းလိုက်ပါတယ်။ One Championship မစ်ဒယ်ဝိတ်နဲ့ လိုက်ဟဲဗီးဝိတ်ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်၊ ချင်းတိုင်းရင်းသား တီရယ်ထန်းနဲ့ ဗီယက်နမ်ကစားသမား မာတင်ငုရင်တို့ဟာ မလေးရှားရောက် ကချင်နဲ့ ချင်းတိုင်းရင်းသား လူငယ်တွေ၊ ကျောင်းသူကျောင်းသားတွေနဲ့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမှာရှိတဲ့ APW Bangsar ခန်းမမှာ တွေ့ဆုံစဉ်ပြောဆိုခဲ့တာပါ။ ဒီပွဲကို ကချင်နဲ့ ချင်း လူမှုအဖွဲ့အစည်းတွေနဲ့ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၃၀၀ လောက် လာရောက်တွေ့ဆုံခဲ့ပါတယ်။ ကျောင်းသားလူငယ်တွေအပေါ် စိတ်ဓာတ်ပိုင်း မြှင့်တင်စကားပြောကြားရာမှာတော့ ကချင်၊ ချင်း၊ အမေရိကန် ဆိုပြီး လူမျိုးစွဲမထားဘဲ အားလုံးဟာ အတူတူ ဖြစ်ကြောင်း၊ မိမိကိုယ်ကိုယ်လည်း အတော်ဆုံးဆိုပြီး မာန်မာနမထားဘဲ နှိမ့်ချတတ်ရမယ်လို့ အောင်လအန်ဆန်က ပြောကြားခဲ့ပါတယ်။ အောင်လအန်ဆန်အနေနဲ့ UFC မှာ ထိုးသတ်ဖို့ရှိသလားဆိုတဲ့ ချင်းတိုင်းရင်းသားတဦးရဲ့ အမေးကိုတော့ UFC ရဲ့ စည်းမျဉ်းစည်းကမ်းနဲ့ မူဝါဒတွေက ကောင်းမွန်မှု မရှိတာကြောင့် One နဲ့ပဲ ဆက်လက်ယှဉ်ပြိုင်ပြီး ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်အောင် ဆက်လက် ကြိုးစားသွားမယ်လို့ ဆိုခဲ့ပါတယ်။
2 years Ago
Up