လူမျိုးရေးခွဲခြားမှုကြောင့် ပရိသတ်မပါဘဲ ယူကရိန်းကစားရမည်

November 28, 2015

လူမျိုးရေးခွဲခြားမှုကြောင့် ပရိသတ်မပါဘဲ ယူကရိန်းကစားရမည်

ယူရို ၂၀၁၆ ခြေစစ်ပွဲမှာ ပရိသတ်တွေရဲ့ လူမျိုးရေးခွဲခြားတဲ့ အပြုအမှုကြောင့် ယူကရိန်အသင်းက လာမယ့် အိမ်ကွင်းပွဲစဉ်မှာ ပရိသတ်မပါဘဲ ကစားရမှာ ဖြစ်ပါတယ်။ အောက်တိုဘာလ ကီးယက်မှာ စပိန်ကို ၁ ဂိုးဂိုးမရှိနဲ့ ရှုံးနိမ့်တဲ့ပွဲမှာ ပရိသတ်တွေရဲ့ အပြုအမှုကြောင့် ယူကရိန်းဘောလုံးအဖွဲ့ချုပ်ကိုလည်း ပေါင် ၆ သောင်း၈ထောင် ဥရောပဘောလုံးအဖွဲ့ချုပ်က  ဒဏ်ရိုက်ခဲ့ပါတယ်။ စွဲဆိုချက်တွေမှာ လေဆာမီးပွိုင့်နဲ့ထိုးသလို တရားမ၀င်တဲ့ စာတန်းတွေ အသုံးပြုမှုနဲ့ အရေးယူခဲ့တာ ဖြစ်ပါတယ်။ အရင်နှစ်ကလည်း အလားတူဖြစ်ရပ်ကြောင့် အိမ်ကွင်းမှာ ကစားမယ့်ပွဲစဉ်တခုကို ပရိသတ်မပါဘဲ ကစားခဲ့ရပါတယ်။ ချဲလ်ဆီးအသင်းနဲ့ချန်ပီယံလိဂ်ပွဲစဥင်္မှာ လူမျိုးရေး ခွဲခြားမှု တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တဲ့ ပရိသတ်တွေကြောင့် ဒိုင်နမိုကိယက်ကလပ်အသင်းဟာ အိမ်ကွင်းမှာ ကစားမယ့် ဥရောပ ဘောလုံးပွဲ ၂ ပွဲကို ပရိသတ်မပါဘဲ ကစားဖို့ ဥရောပဘောလုံးအဖွဲ့ချုပ်က နိုဝင်ဘာ ၂၅ ရက်က ညွန်ကြားထားပါတယ်။ ယူကရိန်းအသင်းဟာ ဆလိုဗေးနီးယားကို အနိုင်ကစားပြီး ခြေစစ်ပွဲအောင်မြင်သွားပြီ ဖြစ်ပါတယ်။
6 years Ago
Up