လူမပါသည့်

March 3, 2019

လူမပါသည့် SpaceX ဒုံးပျံ လွှတ်တင်

လူလိုက်ပါခြင်းမရှိဘဲ  ဒီဇိုင်းသစ် ယာဉ်မှူးခန်းပါဝင်တဲ့ SpaceX  ဒုံးပျံကို မတ် ၂ ရက်နေ့က အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် ကနေဒီ အာကာသစခန်းကနေ လွှတ်တင်ခဲ့ပါတယ်။ ဒါဟာ အီလွန်မာ့စ် အာကာသ ကုမ္ပဏီနဲ့ လူလိုက်ပါ အာကာသခရီးစဉ်တွေကို ပြန်စလိုတဲ့ နာဆာ ရည်မှန်းချက်အတွက် အဓိက သမိုင်းမှတ်တိုင်တခု ဖြစ်ပါတယ်။ ၅ မီတာနီးပါး ရှည်တဲ့ ယာဉ်မှူးခန်းကို Falcon 9 ဒုံးပျံ ပေါ် တင်ပြီး ဒေသစံတော်ချိန် မနက် ၃ နာရီ ၀န်းကျင်မှာ လွှတ်တင်ခဲ့တာပါ။ အဲဒီ ယာဉ်မှူးခန်းထဲမှာ ရစ်ပလေ ဆိုတဲ့ စမ်းသပ်လူရုပ်ကို တင်ဆောင်သွားပါတယ်။ ရိက္ခာနဲ့ စမ်းသပ်ပစ္စည်း ပေါင်ချိန် ၄၀၀ တင်ဆောင်သွားတဲ့ အဲဒီယာဉ်မှူးခန်းဟာ မတ် ၃ ရက်နေ့ အစောပိုင်းမှာ နိုင်ငံတကာ အာကာသစခန်းကို ရောက်မယ်လို့ နာဆာက ပြောပါတယ်။ အာကာသစခန်း ၅ ရက်တာ ကာလအတွင်း အမေရိကန် အာကာသယာဉ်မှူး အန်း မက်ကလိန်းနဲ့ ကနေဒါ အာကာသယာဉ်မှူး ဒေဗီ ဆောဂျက်တို့က အဲဒီယာဉ်မှူးခန်းကို စမ်းသပ်မောင်းနှင်ပြီး စစ်ဆေးမယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
3 years Ago
Up