လူမည်းအမျိုးသား သေဆုံးခဲ့မှု

June 2, 2020

အမေရိကန်လူမည်းအမျိုးသားသေဆုံးခဲ့ရမှုအပေါ် ထိခိုက်ခံစားရဟု မန်ယူတိုက်စစ်မှူး ရက်ရှ်ဖို့ဒ် ဖွင့်ဟ

အမေရိကန်မှာ လူမည်းအမျိုးသားတစ်ဦး သေဆုံးခဲ့ရတဲ့အပေါ်မှာ လူတွေအားလုံး ထိခိုက် ခံစားရတယ်လို့ မန်ယူတိုက်စစ်မှူး ရက်ရှ်ဖို့ဒ်က ပြောပါတယ်။ ဂျော့ဖလွိုက်လို့ ခေါ်တဲ့ အသက် ၄၆ နှစ်အရွယ် အမေရိကန် လူမည်းအမျိုသားတစ်ဦးကို  လူဖြူ ရဲအရာရှိတစ်ဦးက ဖမ်းဆီးရာမှာ ဒူးနဲ့ လည်ပင်းကို အချိန်ကြာတဲ့အထိ ဖိထားခဲ့တာကြောင့် သေဆုံးသွားခဲ့တာပါ။ အဲဒီဖြစ်ရပ်က လူတွေကို ထိခိုက်ခံစားရစေပြီး အဖြေရှာသွားဖို့လည်း လိုတယ်လို့ ရက်ရှ်ဖို့ဒ်က သူ့ရဲ့ တွစ်တာကနေ ရေးသားခဲ့ပါတယ်။ လူတွေဟာ အရင်ကထက် ခွဲခြားမှုတွေ ရှိလာပြီး ဒီအချိန်မှာတော့ အတူတကွ စုစည်းညီညွတ်ကြဖို့လည်း တောင်းဆိုကြောင်း ရက်ရှ်ဖို့ဒ်က ပြောပါတယ်။  အမေရိကန်မှာတော့ ဂျော့ဖလွိုက် သေဆုံးမူကြောင့် ဆန္ဒပြမူတွေလည်း များလာနေပြီး မြို့အတော်များများကို ညမထွက်ရအမိန့်တွေ သတ်မှတ်ထားရပါတယ်။ အင်္ဂလန်တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ဟာ Black lives Matter ၊ Justice For GeorgeFloyd  ဆိုတဲ့ လှုံ့ဆော်ရေး စာသားတွေကိုလည်း သူ့ရဲ့တွစ်တာမှာ ရေးသားခဲ့ပါတယ်။
1 year Ago
Up