လူမည်းအမျိုးသား

A d v e r t i s e m e n t With Us

June 4, 2020

လူမည်းအမျိုးသားသေဆုံးမှု ဆန္ဒပြပွဲများ အမေရိကန်မြို့ကြီးများသို့ ကူးဆက်

လူဖြူရဲ လေးဦး ဖမ်းဆီးမှုအတွင်း သေဆုံးခဲ့တဲ့  လူမည်းအမျိုးသား ဂျော့ဖလွိုက်အတွက် ကန့်ကွက်ဆန္ဒပြမှုတွေဟာ အမေရိကန်ပြည်ထောင်စုတဝန်းမှာ အရှေ့ဘက်ကမ်းခြေကနေ အနောက်ဘက်ကမ်းခြေအထိ မြို့ကြီးတွေမှာ ဇွန်လ ၃ ရက်အထိ ပျံ့နှံ့နေဆဲဖြစ်ပါတယ်။  ဘော်စတွန်၊ ဒင်ဗာ၊ ပေါ့တ်လန်းနဲ့ အောက်ကလန်တို့မှာ ငြိမ်းချမ်းစွာချီတက်ဆန္ဒပြသူတွေ ထောင်ပေါင်းများစွာ ရှိခဲ့ပါတယ်။  အစိုးရရှေ့နေတွေက မင်နီယာပိုးလစ်မြို့က ရဲအရာရှိလေးဦးကို ဂျော့ဖလွိုက်သေဆုံးမှု အတွက် စွဲချက်အသစ်တွေ တင်ထားခဲ့ပါတယ်။  အမေရိကန်မြို့ကြီးတွေမှာ ဖြစ်ပေါ်နေတဲ့ ဆန္ဒပြပွဲတွေမှာ တချို့နေရာတွေမှာတော့ ရဲနဲ့ ဆန္ဒပြသူတွေ ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ခဲ့တာရှိပါတယ်။  နယူးယောက်မြို့မှာလည်း ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကြား ရုန်းရင်းဆန်ခတ်ဖြစ်မှုတွေ ရှိခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ 
9 months Ago

လူမည်းအမျိုးသားအား သေစေခဲ့သည့် အမေရိကန်ရဲ ပြင်းထန်သည့်စွဲချက်ကို ရင်ဆိုင်ရဖွယ်ရှိ

အမေရိကန်လူမည်း ဂျော့ဖလွိုက်သေဆုံးမှုမှာ ပါဝင်ခဲ့တဲ့ ရဲဝန်ထမ်းဟာ ပိုမိုပြင်းထန်တဲ့ လူသတ်မှု စွဲချက်ကို ရင်ဆိုင်ရမှာဖြစ်ပြီး ကျန်ရဲဝန်ထမ်း  ၃  ယောက်ကတော့ လူသတ်မှုမှာ ကူညီ ပေးမှု စွဲချက်တွေကို ရင်ဆိုင်ရမယ်လို့ ဇွန်လ ၃  ရက်  တရားရုံးအထောက်အထားတွေအရ သိရပါတယ်။ ဂျော့ဖလွိုက်သေဆုံးပြီးနောက်နေ့မှာပဲ ရဲဝန်ထမ်း ၄ ယောက်စလုံးကို ရာထူးကနေ ထုတ်ပယ်ခဲ့တာပါ။   အဲဒီလို သူတို့ ၄ ယောက် အပေါ်မှာ စွဲချက်အသစ်တွေ စွဲဆိုခဲ့ပြီးနောက် လော့စ်အိန်ဂျလိစ် မြို့လယ်ကောင်မှာလုပ်တဲ့ “လူမည်းတွေရဲ့ အသက်တွေ အရေးကြီးတယ်” ဆိုတဲ့ ဆန္ဒပြပွဲမှာ လူပေါင်းထောင်ချီ ပါဝင်ခဲ့ပါတယ်။  ဂျော့ဖလွိုက်သေဆုံးမှုဟာ အာဖရိကန်-အမေရိကန်တွေအပေါ် ရဲတွေ ရက်ရက် စက်စက်ပြုမူတာကို့  ကာလရှည် တအုံနွေးနွေး  ဖြစ်ရာကနေ ဒေါသအိုး ပေါက်ကွဲတာလို့ ရိုက်တာမှာ ဖော်ပြထားပါတယ်။ 
9 months Ago
Up