အမေရိကန်နိုင်ငံမှာ လက်နက်မဲ့ လူမည်းတယောက် လူဖြူရဲအရာရှိကြောင့် သေဆုံးအပြီး လူမျိုးရေး ခွဲခြားမှုကို ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေဟာ နိုင်ငံတကာကို ပျံ့နှံ့ကူးစက်ခဲ့သလို ဗြိတိန်နိုင်ငံ လန်ဒန်မှာလည်း ဖြစ်နေပါတယ်။
ရိုက်တာ သတင်းဖော်ပြချက်အရ လန်ဒန်မှာ ဇွန် ၇ ရက်နေ့က ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ကြား ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ခဲ့ပါတယ်။
ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ကတော့ ဒီဆန္ဒပြပွဲတွေအတွက် တာဝန်ရှိသူတွေဟာ တာဝန်ခံရမယ်လို့ ပြောပါတယ်။
ဇွန် ၇ ရက်နေ့ မနက်ပိုင်းမှာပဲ လန်ဒန်ရဲ့လမ်းမတွေပေါ်မှာ ဆန္ဒပြသူတွေ ထောင်ချီ ချီတက်ခဲ့ပါတယ်။
ဒါဟာ မင်နီယာပိုးလစ်မြို့မှာ လူမည်းအမျိုးသား ဂျော့ဖလွိုက် သေဆုံးမှုအတွက် အမေရိကန်ပြည်ထောင်စုတဝန်းမှာ ဆန္ဒပြပွဲတွေဖြစ်ပြီးနောက် ဗြိတိန်မှာလည်း နှစ်ရက်မြောက်နေ့ အဖြစ် ဆက်ဖြစ်လာတဲ့ ဆန္ဒပြပွဲတွေလို့ ရိုက်တာသတင်းက ဖော်ပြထားပါတယ်။
9 months Ago