လူမည်းလူငယ် ၁ ဦး သေဆုံးမှု

A d v e r t i s e m e n t With Us

June 17, 2020

ဘရာဇီးတွင် လူမည်းလူငယ် ၁ ဦး ရဲတပ်ဖွဲ့လက်ချက်ဖြင့် သေဆုံးမှုကြောင့် ဆန္ဒပြ

ဘရာဇီးနိုင်ငံမှာ ရဲတပ်ဖွဲ့ လက်ချက်ကြောင့် သေဆုံးခဲ့ဖွယ်ရှိတဲ့ အသက် ၁၅ နှစ်အရွယ် လူမည်းလူငယ်လေးတစ်ဦးကို အကြောင်းပြုပြီး ဇွန် ၁၆ ရက်မှာ ဆော်ပေါ်လိုမြို့လမ်းတွေပေါ် လူတွေ  ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ ဂီလ်ဟမ်းဆေးလ်ဗားဂူဒက်စ်လို့ အမည်ရတဲ့ အဲဒီလူငယ်ဟာ ဇွန် ၁၄ မှာ ပျောက်ဆုံးသွားခဲ့ပြီး နောက်ပိုင်းမှာ ခေါင်းမှာ သေနတ်ဒဏ်ရာနှစ်ချက်နဲ့ သူ့အလောင်းကို  တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်မှာ နှိပ်စက်ညှဉ်းပန်းခံထားရတဲ့ လက္ခဏာတွေ တွေ့ရတယ်လို့ ဆိုပါတယ်။ ဇွန် ၁၆ ရက်နေ့မှာတော့ ဆော်ပေါ်လိုရဲတပ်ဖွဲ့က ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ရဲတပ်ဖွဲ့က အရာရှိနှစ်ဦးကို သံသယတရားခံတွေအဖြစ် သတ်မှတ်ထားကြောင်း ထုတ်ပြန်ခဲ့ပေမယ့် ဒေသခံမီဒီယာတွေ အဆိုအရတော့ သူတို့နှစ်ဦးဟာ ထွက်ပြေးလွတ်မြောက်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။ ဇွန် ၁၅ ရက်က  ဆော်ပေါ်လိုပြည်နယ်ထဲက ဆင်းရဲသားအများစုနေထိုင်ရာ ဆင်ခြေဖုံးဖြစ်တဲ့ ကလာရာစီမှာ ဆန္ဒပြသူတွေက ကားတွေကို မီးတင်ရှို့ခဲ့ပေမယ့် ဇွန် ၁၆ ရက်နေ့တော့ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ Human Rights Watch အဆိုအရ ဘရာဇီးမှာ ရဲတွေ သတ်ဖြတ်တာတွေက ပုံမှန်လို ဖြစ်နေတယ်ဆိုပါတယ်။ ၂၀၂၀ ပထမ လေးလတာအတွင်း ရီယိုဒီဂျနေးရိုးမြို့တခုထဲမှာတင် ရဲတပ်ဖွဲ့ လက်ချက်နဲ့ သေဆုံးသူ ၆၀၆ ဦးရှိတယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။
9 months Ago
Up