လူမည်း ၉ ဦးကို ပစ်သတ်ခဲ့သည့် အမေရိကန်လူငယ်ကို သေဒဏ်ချမှတ်မည်

May 25, 2016

လူမည်း ၉ ဦးကို ပစ်သတ်ခဲ့သည့် အမေရိကန်လူငယ်ကို သေဒဏ်ချမှတ်မည်

ပြီးခဲ့တဲ့နှစ်က အမေရိကန်ပြည်ထောင်စု၊ တောင်ကယ်ရိုလိုင်းနားပြည်နယ်မှာ အမေရိကန်လူမည်း ၉ ဦးကို ပစ်သတ်ခဲ့တဲ့ အမေရိကန်လူငယ်ကို သေဒဏ်ချမှတ်မယ်လို့ အမေရိကန် တရားရေးဌာနက မေလ ၂၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ အသက် ၂၂ နှစ်အရွယ် အမေရိကန်လူဖြူလူငယ် ဒိုင်လမ် ရုဖ် (Dylann Roof) ဟာ ပြီးခဲ့တဲ့နှစ် ဇွန်လက ချလ်တန်မြို့ အာဖရိကန်-အမေရိကန် ဘုရားကျောင်းတကျောင်းအတွင်း ဘုရားဝတ်ပြုနေသူတွေနဲ့အတူ ၀င်ထိုင်ပြီး အမေရိကန်လူမည်း ၉ ဦးကို ပစ်သတ် ထွက်ပြေးခဲ့တာပါ။ အခုလို ရာဇ၀တ်မှုမျိုးရဲ့ သဘောသဘာဝအရ သေဒဏ်ပဲ ချမှတ်ရမှာ ဖြစ်ပါတယ်လို့ အမေရိကန်အစိုးရ ရှေ့နေချုပ် ကြေညာချက်က ဆိုပါတယ်။ ဒိုင်လမ်ရုဖ်ဟာ လူမျိုးရေးမုန်းတီးစိတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောဆိုပြီး လူမျိုးရေးမုန်းတီးမှု၊ ဘာသာရေးပိတ်ပင်မှု၊ လက်နက်ကိုင် အကြမ်းဖက်မှု စွဲချက်အားလုံး ၃၃ ချက်နဲ့ ရုံးတင်ခံရပါတယ်။
6 years Ago
Up