လူမည်းအား

October 29, 2017

လူမည်းအား ခေါင်းတလားထဲထည့်ခဲ့သည့် လူဖြူ ၂ ဦးကို အကျဉ်းထောင်ပို့ (ရုပ်သံ)

လယ်တောထဲဖမ်းမိတဲ့ လူမည်းအမျိုးသားတဦးကို အခေါင်းထဲ အတင်းအဓမ္မထည့်ပြီး မြွေထည့်ကာ အသက်ရှင်လျက် မီးရှို့မယ်လို့ ခြိမ်းခြောက်ခဲ့တဲ့ တောင်အာဖရိကနိုင်ငံက လူဖြူအမျိုးသား ၂ ဦးကို အခုနှစ် သြဂုတ်မှာ လူသတ်ရန်ကြိုးစားမှုနဲ့ ထောင်ဒဏ် နှစ်ရှည် ချမှတ်ခဲ့ပြီး အောက်တိုဘာ ၂၇ ရက်နေ့မှာ အကျဉ်းထောင်ကို ပို့လိုက်တယ်လို့ သိရပါတယ်။ ဝီလျံမ်အိုသူအစ်ဇန်နဲ့ သီယိုဂျက်ဆင်တို့ ၂ ဦးကို ပြန်ပေးဆွဲမှု၊ လူသတ်ရန်အားထုတ်မှု အပါအဝင် အမှုတွေနဲ့ ထောင်ချခဲ့တာဖြစ်ပါတယ်။ သူတို့ ၂ ဦးက အသက်ချမ်းသာပေးဖို့ တောင်းပန်နေတဲ့ လူမည်းအမျိုးသားကို အခေါင်းထဲ ပိတ်ထားပြီး ခြိမ်းခြောက်နေတဲ့ ၂ မိနစ်ကြာချိန် ရုပ်သံကို တရားရုံးမှာ ကြည့်ပြီးချိန်  သူတို့ ၂ ဦးကို ထောင် ၁၉ နှစ်နဲ့ ၁၆ နှစ်စီ အသီးသီး ချမှတ်ခဲ့တာပါ။ လယ်သမားတွေ ရိုက်ကူးထားတဲ့ရုပ်သံထဲမှာ ကယ်ရာမဲ့နေတဲ့ ဗစ်တာမလော့တ်ရွှာက သူ့ကို ခေါင်းတလားထဲ အတင်းထည့်ထားလို့  ငိုပြီးလက်အုပ်ချီတောင်းပန်နေတာ တွေ့ရပါတယ်။ ဗစ်တာက သူခိုးပါ၊ သူတို့လယ်ထဲ ကျူးကျော်တယ်လို့ လယ်သမား ၂ ဦးက စွပ်စွဲပြီး ဗစ်တာအား ထည့်ထားတဲ့ ခေါင်းတလား အဖုံးကို ပိတ်ခဲ့ကြတာပါ။ ၂၀၁၆ ခုနှစ်က လူမှုကွန်ရက်ပေါ်မှာ ဒီရုပ်သံ ပျံ့နှံ့ချိန်မှာတော့ နိုင်ငံနဲ့အဝှမ်း အကြမ်းဖက်မှုတွေဖြစ်ကာ အဓိကရုန်းဖြစ်လုနီးပါး ဖြစ်ခဲ့တာပါ။ ခံရသူက ရဲကို အကြောင်းမကြားခဲ့ပဲ ရုပ်သံပျံ့နှံ့ပြီး တလကြာချိန်မှ ရဲစခန်းသွားခဲ့တယ်လို့ ဆိုပါတယ်။ လူဖြူ ၂ ဦးက အချုပ်အတွင်း ရမာန် ၈ လနဲ့ ဖမ်းဆီးခံရစဉ် အသက်အန္တရာယ် အကြိမ်ကြိမ် ခြိမ်းခြောက်ခံရသလို တရားရုံးမှာ ရှိတဲ့ လူမည်းအများစုရဲ့ လူမျိုးရေးခွဲခြားမှုနဲ့ နှောင့်ယှက်မှု ကြုံတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ သူတို့ ၂ ဦးက ထောင်ထဲရောက်ရင် အသတ်ခံရမှာကို ထိတ်လန့်နေကြပြီး ဆိုင်းငံ့ပြစ်ဒဏ်ပေးဖို့ တောင်းပန်ခဲ့ကြပါတယ်။ တရားသူကြီးကတော့ သူတို့ရဲ့လုပ်ရပ်က တောင်အာဖရိကမှာ လူမျိုးရေးတင်းမာမှုကို မီးထိုးပေးလိုက်တာလို့ ပြောခဲ့ပါတယ်။ အကယ်၍ ထောင်ဒဏ်ချမှတ်မှုက နှစ်ရှည်မဟုတ်ခဲ့ရင် အကြမ်းဖက်မှုတွေ ဖြစ်မှာဆိုးလို့ တရားရုံးရဲ့ အပြင်နဲ့အတွင်းထဲကိုလည်း လက်နက်ကိုင်ရဲအရာရှိ ဒါဇင်ပေါင်းများစွာ လုံခြုံရေး ယူခဲ့ရပြီး ခံရသူကတော့ သူရဲ့နစ်နာကြေးအတွက် ပေါင် ၂၂၇၅၀ လျော်ကြေးရဖို့ ပြောခဲ့တယ်လို့ ဒေးလီးမေးလ်သတင်းမှာ အောက်တိုဘာ ၂၇ ရက်နေ့က ဖော်ပြထားပါတယ်။
3 years Ago
Up