လူမည်းတဦးအား

June 18, 2017

လူမည်းတဦးအား ပစ်သတ်ခဲ့သည့် ရဲအရာရှိကို လူသတ်မှုမမြောက်ဟု တရားရုံးဆုံးဖြတ်

ပြီးခဲ့တဲ့နှစ်က မီးပွိုင့်မိနေစဉ်မှာ လူမည်းကားသမားတစ်ယောက်ကို သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့ အမေရိကန်နိုင်ငံ မင်နီစိုးတားပြည်နယ်က ရဲအရာရှိ တစ်ယောက်ကို လူသတ်မှုမမြောက်ဘူးလို့ တရားသူကြီးက ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ စိန့်အန်ထော်နီ ရဲဌာနက အရာရှိ ဟရိုနီမို-ဂျားညက်စ် က အသက် ၃၂ နှစ်အရွယ် ဖေလန်ဒို ကက်စတီးလ်ကို သေနတ်နဲ့ပစ်သတ်ခဲ့တာကြောင့် ရုံးတင်စစ်ဆေးခံနေရတာပါ။ အဖြစ်အပျက်တွေကို နောက်ခန်းမှာထိုင်နေတဲ့ သေနတ်နဲ့ပစ်သတ်ခံရသူရဲ့ ချစ်သူက ဆိုရှယ်မီဒီယာပေါ်တင်ခဲ့ပြီးနောက်မှာ နိုင်ငံတကာက ဒီအမှုအပေါ်အာရုံစိုက်ခဲ့လာခဲ့ပြီး မင်နီဆိုးတားပြည်နယ်ထဲက မင်နီယာ-ပေါလစ်စ်နဲ့ စိန့်ပေါမြို့တွေမှာ ရက်ပေါင်းများစွာကြာတဲ့ ဆန္ဒပြမှုတွေ ရှိခဲ့ပါတယ်။ သေဆုံးခဲ့သူ ကက်စတီးလ်က သူ့ရဲ့ လမ်းညွှန်ချက်ကို မနာခံခဲ့တာကြောင့် ရဲအရာရှိ ဂျားညက်စ်က သူ့ကိုယ်သူကာကွယ်တဲ့အနေနဲ့ ပစ်ခတ်ခဲ့တာပါလို့ ထွက်ဆိုခဲ့ပါတယ်။ ဇွန် ၁၆ ရက်နေ့က တရားစီရင်ချက်ချချိန်မှာ မကျေနပ်သူတွေရဲ့ ဒေါသတကြီး ကျိန်ဆိုသံတွေကို ကြားရသလို ကက်စတီးလ်ရဲ့ မိခင်ဟာလည်း တရားရုံးကနေ မကျေမနပ်ထွက်ခွာခဲ့ပါတယ်လို့ သိရပါတယ်။
4 years Ago

March 23, 2017

လူမည်းတဦးအား ဓားဖြင့်ထိုးသတ်ခဲ့သည့် လူဖြူက မက်ဟန်တန်ရဲစခန်းတွင် လာရောက်အဖမ်းခံ

နယူးယောက်မြို့မှာ လူမည်းတဦးကို ဓားနဲ့တိုက်ခိုက်ခဲ့တဲ့လူဖြူတဦးဟာ မတ်လ ၂၂ ရက်နေ့က မက်ဟန်တန်ရဲစခန်းကို လာရောက်အဖမ်းခံခဲ့တယ်လို့ သိရပါတယ်။ သူကတော့ အသက် ၂၈ နှစ်အရွယ် ဂျိမ်းစ်ဟာရစ်ဂျက်ဆန် ဖြစ်ပါတယ်။  သူဟာ  ဘော်တီမိုးကနေ နယူးယောက်ကို လာရောက်ပြီး အခုလို တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ဂျက်ဆင်ဟာ မတ်လ ၂၁ ရက်နေ့က  စားသောက်ဆိုင်နားက အမှိုက်ပုံးတွေမှာ လျှောက်ဖွနေတဲ့ တင်မိုသီကော့ဖ်မန်းဆိုတဲ့ လူမည်းတယောက်ကိုတွေ့ပြီး ဓားနဲ့ထိုးခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက် ကော့ဖ်မန်းဟာ ဓားဒဏ်ရာနဲ့အနီးနားက ရဲစခန်းကို သွားရောက်ခဲ့ပါတယ်။ ရဲစခန်းက သူ့ကိုဆေးရုံပို့ပေးခဲ့ပြီး သူဟာ ရရှိထားတဲ့ဒဏ်ရာနဲ့ ဆေးရုံမှာသေဆုံးခဲ့ပါတယ်။ ဂျက်ဆင်ဟာ ပြစ်မှုကျူးးလွန်ပြီး နောက်တနေ့မှာ အခင်းဖြစ်ရာမှာသုံးတဲ့ ဓားတွေနဲ့အတူ ရဲစခန်းကို လာရောက်အဖမ်းခံခဲ့ပါတယ်။ “နယူးယောက်မှာတခုခုဖြစ်ရင် တကမ္ဘာလုံးသိတယ်လေ။ သူက အဲဒီလိုဖြစ်စေချင်တာ” လို့ နယူးယောက်ရဲဌာန ဒုအကြီးအကဲ ဘေလ်အော်ဘရီက ပြောပါတယ်။ ဒီတိုက်ခိုက်မှုဟာ လူမျိုးရေးမုန်းတီးမှုကြောင့်ဖြစ်တာကို ဖော်ပြနေတယ်လို့ နယူးယောက်ရဲဌာန ဒုအကြီးအကဲကို ကိုးကားပြီး ရိုက်တာသတင်းမှာဖော်ပြထားပါတယ်။
5 years Ago
Up