လူမည်းကလေးငယ်

A d v e r t i s e m e n t With Us

May 11, 2016

ကျောင်းကားမီးရှို့သည့် လူမည်းကလေးငယ်ကို ဖမ်းဆီး (ရုပ်သံ)

အမေရိကန်နိုင်ငံ နယူးယောက်မြို့က အသက် ၁၁ နှစ်အရွယ် ကလေးငယ်တဦးဟာ အမုန်းတရား အခြေပြု ရာဇဝတ်မှုနဲ့ အဖမ်းခံခဲ့ရပါတယ်။ ဘရွတ်ကလင်းရပ်ကွက်က ဂျူးစာသင်ကျောင်းတကျောင်းရဲ့ အပြင်မှာ ကျောင်းကားကို မီးရှို့မှုမှာ ကူညီမှု သံသယကြောင့် ရဲတွေက တခြား လူငယ် ၅ ဦးကိုလည်း ရှာနေတယ်လို့ နယူးယောက်ရဲဌာန ပြောခွင့်ရက မေလ ၁၀ ရက်နေ့မှာ ပြောပါတယ်။ လုံခြုံရေးကင်မရာက ပြသချက်အရ လူငယ်လေး ၆ ဦးဟာ ဘရွတ်ကလင်းရပ်ကွက်က ပုဂ္ဂလိက မိန်းကလေးကျောင်းရဲ့ အပြင်မှာ ရပ်ထားတဲ့ အဝါရောင် ကျောင်းကားထဲကို ကတ္ထူပြားတွေနဲ့ ကပ်ခဲ့တာပါ။ သူတို့ ထွက်သွားပြီးပြီးချင်း ဘတ်စ်ကားထဲမှာ မီးတောက် ထွက်လာခဲ့ပြီး ဘတ်စ်ကားလည်း မီးလောင်ခဲ့ပါတယ်။ နယူးယောက်ရဲဌာနရဲ့ စုံစမ်းစစ်ဆေးမှုအရ အသက် ၁၁ နှစ်အရွယ် လူမည်း လူငယ်လေးကို ရာဇဝတ်မှုဆိုင်ရာ လက်ဆော့မှု၊ မီးရှို့မှုတွေနဲ့ မေလ ၉ ရက်နေ့က တရားစွဲခဲ့ပါတယ်။ ဒီအမှု ၂ မှုလုံးဟာ အမုန်းတရားအခြေခံ ရာဇဝတ်မှုတွေလို့ စုံထောက် အန်းနက်တီ ရှယ်လ်တွန်က ပြောပါတယ်။ လတ်တလောနှစ်တွေအတွင်း အော်သိုဒေါ့က်စ် ဂျူးတွေနဲ့ အာဖရိကန်-အမေရိကန် လူမျိုးတွေကြား လူမျိုးရေးတင်းမာမှုတွေ ခရောင်းဟိုက်စ်ဒေသမှာ ပြန့်ပွားခဲ့တာပါ။ ဘရွတ်ကလင်းလို ရပ်ကွက် အများအပြားမှာတော့ တင်းမာမှုတွေ လတ်တလောမှာ ပြေလျော့ခဲ့ပါတယ်။ ရဲတွေက မီးရှို့မှုမှာပါဝင်တဲ့ လူမည်းလူငယ် ၅ ဦးရဲ့ ဓာတ်ပုံတွေကို လုံခြုံရေး ကင်မရာကနေ ထုတ်ယူပြီး မေလ ၁၀ ရက်နေ့က ဖြန့်ချိခဲ့ပြီး လူထုက သတင်းပေးဖို့ကိုလည်း တောင်းဆိုခဲ့ပါတယ်။ ဒီဖြစ်ရပ်မှာ ဘယ်သူမှ ထိခိုက်ဒဏ်ရာ မရပေမယ့် ဘတ်စ်ကားကတော့ ပျက်စီးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
5 years Ago
Up