လူပေါင်းသန်းချီ

August 5, 2020

ဘင်္ဂလားဒေ့ရှ်တွင် ရေကြီးမှုကြောင့် လူပေါင်းသန်းချီ အိုးအိမ်စွန့်ခွာရ

ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အစိတ်အပိုင်းတွေမှာ သြဂုတ် ၄ ရက်က ဆိုးဆိုးရွားရွား ရေကြီးနေလို့ သန်းချီတဲ့လူတွေ အိုးအိမ်စွန့်ခွာ ရွှေ့ပြောင်းနေရပါတယ်။ မြစ်တွေ ရေတက်ပြီး ကမ်းပါးတွေ ကျိုးပေါက်ခဲ့လို့ မြို့တော် ဒါကာနဲ့ ၂၅ မိုင်အကွာက စီရတ်ဒီခန်းခရိုင်အတွင်း ဒါလက်ရှ်ဝါရီမြစ်နားက အိမ်ခြေအများအပြား ရေနဲ့ မျောပါပြီး ရေဘေးသင့် ပြည်သူတွေအတွက် အကူအညီတောင်းထားတယ်။ ဒီမိသားစုတွေ ခိုလှုံစရာ ချက်ချင်းလိုအပ်တယ်လို့ ရွာသူကြီး တယောက်က ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဇွန်လကုန်ပိုင်းကစပြီး ရေဘေးသင့်နေလို့ လူ ၁၃၅ ယောက်ထက် မနည်း သေဆုံးခဲ့ပြီးပါပြီ။ ဒီနှစ်ဟာ နှစ် ၂၀ ကျော်အတွင်း အချိန်အကြာဆုံး ရေဘေးသင့်မှုလို့ ရိုက်တာသတင်းဌာနက ရေးပါတယ်။
1 year Ago
Up