လူပင်လယ်ကြီး

April 14, 2018

လူပင်လယ်ကြီးဖြစ်ခဲ့သည့် သဲသောင်ပြင် ချင်းတွင်းသင်္ကြန်

မုံရွာမြို့ပေါ်မှာ ဒီနေ့ သင်္ကြန်အကျနေ့မှာ ခြောက်ကပ်နေပြီး စစ်ကိုင်းတိုင်းအစိုးရ ကြီးမှူးကျင်းပနေတဲ့ သဲသောင်ပြင် ချင်းတွင်းသင်္ကြန်မှာတော့ စည်ကားနေပါတယ်။ မနေ့က ညနေ ၆ နာရီအချိန်မှာ တိုက်ခတ်ခဲ့တဲ့ မိုးသက်လေပြင်းကြောင့် ချင်းတွင်းသင်္ကြန်မှာ အပျက်အစီးတချို့ဖြစ်ခဲ့ပြီး ဖျော်ဖြေရေးပွဲကိုပါ ရပ်နားခဲ့ရပါသေးတယ်။ လေတိုက်ခတ်ချိန် နာရီဝက်နီးပါး ကြာမြင့်ခဲ့ပြီး ဗဟိုမဏ္ဍပ်၊ မုခ်ဦး၊ နားနေတဲတွေအပါအဝင် အဆောက်အဦတော်တော်များများ ပျက်စီးခဲ့သလို သဲပန်းပုတွေလည်း ပျက်စီးခဲ့ပါတယ်။ ဒီနေ့ မနက် ၁၀ နာရီမှာတော့ ဖျော်ဖြေရေးတွေ ပြန်စနေပြီး တိုင်းအစိုးရ အဖွဲ့ဝင်တွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေလည်း ချင်းတွင်းသင်္ကြန်ကို လာရောက် လည်ပတ်ကြပါတယ်။ မုခ်ဦး၊ သဲပန်းပုတွေကို ပြန်လည် မပြင်ဆင်တော့ဘူးလို့ သိရပါတယ်။ မြစ်ထဲမှာ ရေဆင်းကူးသူတချို့ဟာ သတ်မှတ်နေရာမှာ မကူးဘဲ အပြင်ထွက် ကူးကြလို့ မနေ့က လူနှစ်ယောက်ရေနစ်သလို ဒီနေ့ မနက်ပိုင်းကလည်း တယောက် ရေနစ်တယ်လို့ လုံခြုံရေး တာဝန်ရှိသူ တယောက်က ပြောပါတယ်။ သတင်း - အောင်ကိုလတ်  
3 years Ago
Up