လူနှင့်စမ်းသပ်

September 6, 2020

တရုတ်ထုတ် ကိုဗစ်ကာကွယ်ဆေး လူနှင့်စမ်းသပ်ရန် ၄ နိုင်ငံသဘောတူ

တရုတ်နိုင်ငံက စမ်းသပ်ထုတ်ဖော်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး  လူသားစမ်းသပ်မှု လုပ်ဆောင်ဖို့ နောက်ထပ်  လေးနိုင်ငံက သဘောတူထားတယ်လို့ တရုတ်အမျိုးသားဇီဝနည်းပညာအဖွဲ့ (CNBG) နဲ့  ဆိုင်နိုဗက်ဇီဝနည်းပညာကုမ္ပဏီက  စက်တင်ဘာ  ၅ ရက်မှာ ပြောဆိုပါတယ်။  ကာကွယ်ဆေးကို နောက်ဆုံးထောက်ခံချက်ပေးမယ့်  နိုင်ငံရပ်ခြား အချက်အလက်တွေကို တရုတ်ဆေးကုမ္ပဏီတွေ  ရှာဖွေနေချိန်မှာပဲ အဆင့် ၃ လူသားစမ်းသပ်မှုမှာ ဆားဗီးယားနဲ့ ပါကစ္စတန်တို့က နိုင်ငံသစ်တွေအဖြစ် ပါဝင်လာပါတယ်။   တရုတ်နိုင်ငံမှာ  ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအသစ်တွေ တဖြည်းဖြည်း  လျော့နည်းလာတာ က  ကာကွယ်ဆေး စမ်းသပ်ဖို့  အဆင်မပြေတဲ့ အနေအထားဖြစ်လာပါတယ်။    အဆင့် ၃ စမ်းသပ်မှုမှာ  နိုင်ငံပေါင်း  ၁၀ နိုင်ငံက  လူ ၅ သောင်းလောက် ပါဝင်မယ် မျှော်လ့င် တယ်လို့  CNBG  ဘေဂျင်းဌာန ဒုဥက္ကဋ္ဌ ကျန်းယွန်တောင်က  ရိုက်တာကို ပြောပါတယ်။   အဆင့် ၃ စမ်းသပ်မှုတွေကို ယူအေအီ၊  ဘာရိန်း၊ ပီရူး၊ မော်ရကို၊ အာဂျင်တီးနားနဲ့ ဂျော်ဒန်နိုင်ငံတွေမှာ စတင်နေပါပြီ။    ဆိုင်နိုဗက်က စမ်းသပ်ထုတ်ဖော်နေတဲ့  ကာကွယ်ဆေးကို  နောက်ထပ် နှစ်နိုင်ငံက  လက်ခံ စမ်းသပ်ဖို့ အတည်ပြုချက် ရထားတယ်လို့ ဆိုင်နိုဗက်အကြီးတန်းဒါရိုက်တာ ဟယ်လင်ယန်က ပြောဆိုပေမယ့်  ဘယ်နိုင်ငံတွေလဲ ဆိုတာကိုတော့ ပြောဖို့ ငြင်းဆန်ခဲ့ပါတယ်။ 
1 year Ago
Up