လူနေအိမ်များ အမြန်ပြောင်းရွေ့နေရ

November 16, 2020

ပွင့်ဖြူမြို့နယ်၌ မြစ်ကမ်းပါးပြိုကျပြီး လူနေအိမ်များ အမြန်ပြောင်းရွေ့နေရ

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ကံလှအရှေ့ကျေးရွာမှာ နိုဝင်ဘာ ၁၄ ရက်နေ့က မြစ်ကမ်းပါးပြိုကျနေတာကြောင့် လူနေအိမ်တွေကို အမြန်ပြောင်းရွှေ့နေရပါတယ်။ မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းဌေးက "ပွင့်ဖြူမြို့နယ် ကံလှအရှေ့ရွမြစ်ကမ်းဘေးမှာ ကမ်းပါးပြိုကျလို့ နိုဝင်ဘာ ၁၄ ရက်နေ့ ညနေပိုင်းက လူနေအိမ် ၃၀ ရွေ့ပြောင်းထားပြီး ၁၅ ရက်နေ့မှာလည်း  ၆ အိမ်ကို ချက်ချင်းရွှေ့ပြောင်းမှုတွေပြုလုပ်နေရတယ်”လို့ ပြောပါတယ်။ ကံလှအနောက်ရွာမြေကွက်မှာ ရွှေ့ပြောင်းရတဲ့ နေအိမ် ၃၆ လုံးအတွက် မြေစာရင်းက မြေတိုင်းတာ လုပ်ဆောင်နေပြီးတော့ ရွေ့ပြောင်းအချိန် အန္တရာယ်မဖြစ်ရအောင် လုပ်ဆောင်နေတယ်လို့လည်း ပြောပါတယ်။ ကမ်းပြိုတဲ့ရွာကို နိုဝင်ဘာ ၁၅ ရက်မနက်ပိုင်းမှာ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်းမိုးညိုနဲ့ တာဝန်ရှိသူ‌တွေ လာရောက်ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ တိုင်းဒေကြီးဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဘေးသင့်နေအိမ် ၃၆ အိမ်အတွက် တစ်ပတ်စာ စားနပ်ရိက္ခာဖိုးအပြင် နေအိမ်ရွှေ့ပြောင်းစရိတ် တစ်အိမ်ထောင်ကို ကျပ်တစ်သိန်း ထောက်ပံ့ပေးခဲ့ပြီး အောင်ပဒေသာ ကုမ္ပဏီကလည်း တစ်အိမ်ထောင်ကို  ၃၀,၀၀၀ ကျပ်နှုန်း ထောက်ပံ့ပေးခဲ့ပါတယ်။ သတင်း - မင်းထီး
1 year Ago
Up