လူနေတိုက်ခန်

A d v e r t i s e m e n t With Us

April 5, 2020

မော်စကိုရှိ လူနေတိုက်ခန်းတွင် ဓာတ်ငွေ့ပေါက်ကွဲမှုကြောင့် အထပ်များ ပြိုကျ

ရုရှားနိုင်ငံ မြို့တာ်မော်စကိုနားက လူနေတိုက်ခန်းတွဲမှာ ဧပြီ ၄ ရက်က ဓာတ်ငွေ့ ပေါက်ကွဲမှု ဖြစ်လို့ လူ ၁ ယောက်ထက် မနည်း သေဆုံးပြီး ၄ ယောက် ဒဏ်ရာရခဲ့ပါတယ်။ ဒါ့အပြင် တိုက်ခန်း ၈၀ ရှိတဲ့ အဆောက်အအုံရဲ့ အထပ်ရေ အတော်များများလည်း ပျက်စီးခဲ့တယ်လို့ ရုရှားအရေးပေါ်အခြေအနေဆိုင်ရာဝန်ကြီးဌာနက ပြောပါတယ်။  ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ရပ်တံ့ရေး အိမ်တွင်းအောင်းကြဖို့ မော်စကို မြို့တော်နဲ့ ပတ်ဝန်းကျင်ဒေသက ဒေသခံတွေကို အမိန့်ထုတ်ထားတဲ့ ပထမဆုံး သီတင်းပတ်မှာ ခုလို ပေါက်ကွဲတာပါ။ မော်စကိုမြို့တော် အရှေ့ဘက် ၈၅ ကီလိုမီတာ အကွာ အိုရေခိုဗို ဇူယေဗိုမြို့က ငါးထပ် တိုက်ခန်းတွဲရဲ့ တတိယအထပ်မှာ ပေါက်ကွဲခဲ့တာလို့ ဝန်ကြီးဌာနက ပြောပါတယ်။  အထပ်အတော်များများ ပြိုကျနေပြီး အောက်က ယာဉ်ရပ်နားစခန်းနဲ့ ကလေးကစား ကွင်းတွေ ဖုန်တွေ အုပ်နေတဲ့ ဓာတ်ပုံတွေကို လူမှုကွန်ရက်တွေက ဖြန့်ချိခဲ့ပါတယ်။  ရုရှားက လူနေအဆောက်အအုံတွေမှာ ဒါမျိုး ပေါက်ကွဲမှုတွေက ဖြစ်နေကျ မဟုတ်တာတော့ မဟုတ်ပါဘူး။  ဆိုဗီယက်ခေတ်က ဆောက်ထားခဲ့တဲ့ အဆောက်အအုံအများအပြားဟာ ဓာတ်ငွေ့ကို သုံးရာမှာ ဘေးကင်းရေးစံချိန် ညံ့ဖျင်းတယ်လို့ ရိုက်တာသတင်းဌာနက ရေးပါတယ်။ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်ကလည်း မက်ဂါနီတိုဂေါ့စ်ခ်မြို့က ဆယ်ထပ် အဆောက်အအုံမှာ ဓာတ်ငွေ့ ပေါက်ကွဲလို့ လူ ၃၉ ယောက် သေဆုံးခဲ့ဖူးပါတယ်။   
11 months Ago
Up