လူနာ ၅၅၀၀၀

July 3, 2020

အမေရိကန်တွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ လူနာ ၅၅၀၀၀ ကျော်တွေ့ပြီး ကမ္ဘာ့စံချိန်သစ်တင်

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ကမ္ဘာ့စံချိန်သစ်အဖြစ် အမေရိကန်မှာ  ဇူလိုင် ၂  ရက် တစ်ရက်တည်းမှာတင်   ပိုးတွေ့သူ ၅၅၀၀၀  ကျော်ခဲ့တယ်လို့  ရိုက်တာသတင်းဌာနရဲ့ ကိန်းဂဏန်း တွေအရ  သိရပါတယ်။  ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း အမေရိကန်မှာ ဗိုင်းရပ်စ်ကူးစက်မှု  တဟုန်ထိုး တက်လာတာက  သမ္မတထရမ့်ရဲ့ ရောဂါကိုင်တွယ်မှုအပေါ်  အများက  သတိထား စောင့်ကြည့်နေ ပြီး   ပြည်နယ်အုပ်ချုပ်ရေးမှူး အတော်များများကလည်း လုပ်ငန်းတွေ ပြန်ဖွင့်မယ့် အစီအစဉ်တွေကို ယာယီဆိုင်းငံ့လိုက်ပါတယ်။  ဇူလိုင်လ ၂ ရက်က အမေရိကန်ရဲ့ စုစုပေါင်း ဗိုင်းရပ်စ် ကူးစက်သူ အရေအတွက်ဟာ  ၅၅,၂၇၄  ယောက်ရှိပြီး  ဇွန်လ ၁၉ ရက် ဘရာဇီးနိုင်ငံရဲ့ ကူးစက်သူ စံချိန်ကို ကျော်လွန်သွားခဲ့ ပါတယ်။   ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်က တစ်နေ့ကူးစက်သူ ၂၂၀၀၀ လောက်ရှိပြီး အခု အခါမှာတော့ ၇ ရက် ဆက်တိုက် တစ်နေ့ကူးစက်သူ  ၄၀၀၀၀ ကျော် ရှိနေပါတယ်။  အဲဒီနောက်  ၃ ရက်ဆက်တိုက်  ကူးစက်သူတွေ စံချိန်တင် များလာတယ်လို့ ရိုက်တာ သတင်းက ဆိုပါတယ်။  အမေရိကန်နိုင်ငံတဝန်း ရောဂါ ကူးစက်မှုတွေ  နှေးသွားအောင်  အစီအစဉ်တွေ    မလုပ်ရင် နေ့စဉ်ကူးစက်သူအရေအတွက် တစ်သိန်းအထိ ရှိလာနိုင်တယ်လို့ အမျိုးသားကူးစက်ရောဂါတားဆီးရေးဌာန အကြီးအကဲ ဒေါက်တာ ဖော်ချီက သတိပေးခဲ့ပါတယ်။ 
1 year Ago
Up