လူနာ ၂ ဦး

November 27, 2020

ဟင်္သာတတွင် ကိုဗစ်-၁၉  လူနာ ၂ ဦး သေဆုံး 

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်မှာ ကိုဗစ်-၁၉ ရောဂါနဲ့ လူနာ  နှစ်ယောက် နိုဝင်ဘာ ၂၆ ရက်က သေဆုံးသွားပြီး  အခုလို ပိုးတွေ့လူနာ သေဆုံးခဲ့တာဟာ ဟင်္သာတခရိုင် ဆေးရုံမှာ ပထမဆုံးအကြိမ် ဖြစ်တယ်လို့  ဟင်္သာတခရိုင်ဆေးရုံအုပ်ကြီးထံက သိရပါတယ်။ သေဆုံးသွားတဲ့သူ နှစ်ယောက်ကတော့  သူတို့ရဲ့ မူလရောဂါကို ဆေးရုံမှာ တက်ရောက် ဆေးကုသမှု ခံယူနေရင်း  ကိုဗစ်-၁၉  ရောဂါဆေးစစ်လိုက်တဲ့အချိန်မှာ ပိုးတွေ့ခဲ့တာဖြစ်ပါတယ်။ ပိုးတွေပြီး နောက်နေ့ မနက် ၃ နာရီမှာ အသက် ၃၃ နှစ် အရွယ်မျိုးသားတစ်ယောက်  အရင်သေဆုံး သွားပြီး မွန်းလွဲပိုင်းမှာတော့ အသက် ၄၅ နှစ်အရွယ် အမျိုးသာတစ်ယောက် ထပ်မံသေဆုံးခဲ့တာပါ။ ခုလက်ရှိ ဆေးရုံတက်ရောက်ကုသနေတဲ့  ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၇၃ ယောက် ကျန်ရှိနေတယ်လို့ ဟင်္သာတခရိုင်ဆေးရုံအုပ်ကြီး ဒေါ်ဌေးဌေးလှိုင်က  ဒီဗွီဘီကို ပြောပါတယ်။ ဟင်္သာတမြို့ပေါ်မှာ လက်ရှိ ကိုဗစ်-၁၉ အတည်ပြုလူနာတွေနဲ့ ထိစပ်ခဲ့သူတွေနဲ့ ရန်ကုန်က ပြန်လာသူတွေ အယောက် ၂၀၀ လောက်ကို ကွာရန်တင်းစင်တာ ၃ ခုမှာ ထားရှိပါတယ်။ ပြည်ပပြန်တွေကိုထားရှိတဲ့  နေရာ ၂ နေရာမှာတော့ လူဦးရေ ၂၀၀ ကျော်ရှိတဲ့အနက် ကွာရန်တင်းရက်စေ့လို့ထွက်သွားသူ ၆၈ ယောက်ရှိပြီး  လက်ရှိမှာတော့ ပြည်ပက ပြန်လာသူတွေ ၁၄၀ လောက်ကျန်ရှိ နေတယ်လို့ ပြည်သူ့ကျန်းမာရေးဌာနမှ ဒေါက်တာညီညီလွင်က ပြောပါတယ်။ ကိုဗစ်-၁၉ ပိုးတွေ့ အတည်ပြုလူနာတွေကိုလည်း ဟင်္သာတဆေးရုံနဲ့ သူနာပြုသင်တန်းကျောင်းတွေမှာ ခွဲထားကာ  ဆေးကုသမှုပေးနေတယ်လို့  ဆေးရုံအုပ်ကြီးထံက သိရပါတယ်။   Ko Kyat
1 year Ago

September 13, 2020

ကိုဗစ်-၁၉ လူနာ ၂ ဦး ထပ်မံသေဆုံး၊ စုစုပေါင်း ၁၈ ဦးရှိလာ

မနေ့ကနဲ့ ဒီနေ့မှာ ကိုဗစ်-၁၉ လူနာ ၂ ယောက်ထပ်ပြီး သေဆုံးတာကြောင့် စုစုပေါင်း သေဆုံးသူ ၁၈ ယောက်ဖြစ်လာပါတယ်။ ရန်ကုန်ဆေးရုံကြီးမှာ တက်ရောက်ကုသနေတဲ့ အသက် ၇၅ နှစ်အရွယ် အမျိုးသား (Case-2523) ဟာ မနေ့ည ၈ နာရီကျော်က သေဆုံးသွားတယ်လို့ ကျန်းမာရေးဌာနက ကိုဗစ်-၁၉ နဲ့ ပတ်သက်ပြီး ဒီနေ့ညနေ ၄ နာရီခွဲမှာ ထုတ်ပြန်လိုက်တာပါ။ သူဟာ ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက် အသက်ရှူလမ်းကြောင်း ပျက်စီးတာ၊ သွေးဆိပ်သင့်တာနဲ့ အသည်းရောင်အသားဝါရောဂါ(စီပိုး) ရှိသူ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သင်္ဃန်းကျွန်းဆေးရုံကြီးမှာ တက်ရောက်ကုသနေတဲ့ အသက် ၉၀ အရွယ် အမျိုးသမီး (Case-2260)ဟာလည်း  အရိုးပွရောဂါ၊ သွေးတိုးရောဂါအခံရှိပြီး ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက် အသက်ရှူလမ်းကြောင်း ပျက်စီးပြီး ဒီနေ့မနက် ၁၁ နာရီလောက်က သေဆုံးခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ဒီမနက်အထိ ဓာတ်ခွဲအတည်ပြုလူနာ ၂၇၉၆ ယောက်ရှိပြီး ဓာတ်ခွဲအတည်ပြု လူနာဟောင်းတွေထဲက ၆၇၆ ယောက်ကို ဆေးရုံက ဆင်းခွင့်ပြုထားပါတယ်။
1 year Ago
Up