လူနာ ၂ သန်းကျေ

A d v e r t i s e m e n t With Us

June 12, 2020

အမေရိကန်တွင် ကိုဗစ်-၁၉ လူနာ ၂ သန်းကျော် ရှိလာ

အမေရိကန်ပြည်ထောင်စုမှာ ကိုဗစ်-၁၉ အတည်ပြု လူနာဦးရေဟာ ဇွန်လ ၁၁ ရက်မှာပဲ  ၂ သန်းကျော်သွားခဲ့ပါပြီ။  ဂျွန်ဟော့ပ်ကင်းတက္ကသိုလ် Center for Systems Science and Engineering (CSSE) ဌာနရဲ့စာရင်းအရ ၂,၀၂၁,၉၉၀ ဦးဖြစ်ပါတယ်။  (CSSE) ရဲ့ ထုတ်ပြန်ချက်အရ သေဆုံးသူဦးရေဟာလည်း ၁၁၃,၇၈၉ ဦးထိ ရှိထားတယ် လို့ ဆိုပါတယ်။  ကပ်ဘေးမှာ အထိခိုက်ဆုံးဖြစ်ခဲ့တဲ့ နယူးယောက် ပြည်နယ်ကတော့ မြို့တွေနဲ့ ခရိုင်တွေကို အများသုံးရေကူးကန်တွေနဲ့ ကစားကွင်းတွေကို ဖွင့်ခွင့်ပေးနေတယ်လို့ဆိုပါတယ်။ ဒါဟာ ပြည်နယ်လမ်းညွှန်ချက်အတိုင်း လိုက်နာစေပြီး ဖွင့်ခွင့်ပေးနေတာလို့  ပြည်နယ်အုပ် ချုပ်ရေးမှူးက ဇွန် ၁၁ ရက်နေ့မှာ ပြောပါတယ်။  ပြည်နယ်တွင်းဒေသ ငါးခုမှာ တတိယအဆင့်စီးပွားရေးပြန်ဖွင့်မှုကို ဇွန်လ ၁၂ မှာ စတင်နေ ကြပါပြီ။  စားသောက်ဆိုင်တွေမှာ လူတွေစားသောက်ခွင့်ပြုတာနဲ့ ပုဂ္ဂိုလ်ရေး ကျန်းမာရေး စောင့်ရှောက်မှုတွေကိုလည်း ပြန်စနိုင်တော့မယ်လို့  ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
9 months Ago
Up