လူနာ ၂ သန်း

A d v e r t i s e m e n t With Us

June 11, 2020

အမေရိကန်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၂ သန်းနီးပါးရှိလာ

အမေရိကန်ပြည်ထောင်စုမှာ ကိုဗစ်-၁၉ အတည်ပြုလူနာ အရေအတွက်ဟာ ဇွန်လ ၁၀ ရက်မှာ နှစ်သန်းနီးပါးအထိ ရှိလာနေပါတယ်။ ဂျွန်ဟော့ပ်ကင်းတက္ကသိုလ်ရဲ့စာရင်းအရ လူနာအရေအတွက်ဟာ ၁,၉၉၉,၃၁၃ ဦးရှိနေပြီဖြစ်လို့  မကြာခင်မှာ  နှစ်သန်းကျော်လာနိုင်ပါတယ်။  တစ်နိုင်ငံလုံး ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ အရေအတွက်ကလည်း ၁၁၂,၈၃၃ဦး ရှိပါတယ်။ နယူးယောက်ပြည်နယ်က အထိခိုက်ဆုံးဖြစ်ပြီး သေဆုံးသူ ၃၀,၅၀၀ ရှိပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘာမှာ ကိုဗစ်-၁၉ အတည်ပြု လူနာဦးရေနဲ့ သေဆုံးသူဦးရေ အများဆုံးနိုင်ငံဖြစ်နေဆဲပါ။ သူ့နောက်မှာ ဘရာဇီးနဲ့ ရုရှားတို့က ဒုတိယနဲ့ တတိယနေရာမှာ ရှိနေတယ်လို့ ရိုက်တာ သတင်းက ရေးပါတယ်။ 
9 months Ago
Up