လူနာ ၁.၈ သန်း

July 11, 2020

ဘရာဇီးတွင် ကိုဗစ်-၁၉ လူနာ ၁.၈ သန်းကျော်နှင့် သေဆုံးသူ ၇ သောင်းကျော်ရှိလာ

ကိုဗစ်-၁၉ ကပ်ဘေးကြောင့် အထိခိုက်ဆုံးဖြစ်နေတဲ့ ကမ္ဘာ့နိုင်ငံတွေထဲက တခုဖြစ်တဲ့  ဘရာဇီးမှာ  ဇူလိုင်လ ၁၁ ရက် ညနေပိုင်းအထိ အတည်ပြုလူနာ ၁ ဒဿမ ၈သန်းကျော်နဲ့ သေဆုံးသူ ၇ သောင်းကျော်ရှိပြီလို့ သိရပါတယ်။  အတည်ပြုလူနာ ဦးရေဟာ ဇူလိုက် ၁၀ ရက်နေ့တရက်တည်း ၁၂၀၀ ကျော်ခဲ့တယ်လို့ သိရပါတယ်။ ဘရာဇီးနိုင်ငံဟာ လက်ရှိမှာ အမေရိကန်ပြည်ထောင်စုပြီးနောက် ကမ္ဘာ့ဒုတိမြောက် အတည်ပြုလူနာ အများဆုံးနိုင်ငံဖြစ်နေတာပါ။  ဘရာဇီးမီဒီယာတွေအဆိုအရ လက်ရှိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံနေရတဲ့ သမ္မတနဲ့ ထိတွေ့ မိသူ ဝန်ကြီး ၁၃ ဦးကတော့ ရောဂါကူးစက်ခံရခြင်း မရှိဘူးလို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။  
10 months Ago
Up