လူနာ ၁ သန်

July 17, 2020

အိန္ဒိယတွင် ကိုဗစ်-၁၉ လူနာ ၁ သန်းနီးပါးရှိလာ 

အိန္ဒိယနိုင်ငံမှာ ကိုဗစ်-၁၉ အတည်ပြုလူနာတွေ့ရှိမှု စာရင်းအရ  ဇူလိုင်လ ၁၆ ရက်မှာ ၁ သန်းနီးပါး ရှိလာပြီဖြစ်ပါတယ်။  ကူးစက်မှုနှုန်းက ကျေးလက်ဒေသတွေမှာ အဖြစ်များနေပြီး ပြည်နယ်တော်တော်တော် များများမှာလည်း  လော့ဒေါင်းပြန်ချ နေရပါတယ်။  ပြည်ထောင်စုကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ အိန္ဒိယဟာ တစ်ရက်အတွင်း အသစ်တွေ့ အတည်ပြုလူနာပေါင်း  ၃၂၀၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။  လူဦးရေ ၁ ဒသမ  ၃  ဘီလီယံရှိတဲ့ အိန္ဒိယဟာ ကမ္ဘာမှာ အမေရိကန်နဲ့ဘရာဇီးတို့ပြီးရင် တတိယမြောက် လူနာအများဆုံးတွေ့တဲ့ နိုင်ငံပါ။  ဒေလီနဲ့မွန်ဘိုင်းလိုမြို့ကြီးတွေဟာ ကပ်ဘေးမှာ ဗဟိုချက်ဖြစ်ခဲ့သလို ကျန်းမာရေး စောင့်ရှောက်မှု စနစ်အားနည်းတဲ့ ကျေးလက်ဒေသတွေမှာလည်း အသစ်တွေ့ လူနာတွေ များလာ ပါတယ်။  ဘီဟာပြည်နယ်က  ကျေးလက်ဒေသတောတော်များများမှာ ဇူလိုင် ၁၆ ရက်ကပဲ လော့ဒေါင်း ပြန်ချလိုက်ရတယ်လို့ ရိုက်တာ သတင်းက ရေးပါတယ်။
10 months Ago
Up