လူနာအမှတ် ၂၉၂

July 4, 2020

ကိုဗစ်-၁၉ လူနာအမှတ် ၂၉၂ ကို ဒုတိယအကြိမ် စစ်ဆေးရာတွင် ရောဂါပိုးမတွေ့

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ ပထမဆုံး ကိုဗစ်-၁၉ လူနာအမှတ် ၂၉၂ ရဲ့ ဓာတ်ခွဲနမူနာကို ဒုတိအကြိမ်စစ်ဆေးရာမှာ ရောဂါပိုးမတွေ့ရှိဘူးလို့ သိရပါတယ်။ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က  "ပိုးတွေလူနာတွေကို စစ်တဲ့အခါမှာ ပထမတစ်ကြိမ် ပိုးတွေ့ပြီး ၁၄ ရက်အကြာမှာ ဒုတိယအကြိမ်စစ်ရတယ်။ ဒုတိ ယအကြိမ်စစ်တာမှာ ပိုးမတွေ့တောဘူး။ အဲဒီလို ဒုတိယအကြိမ်စစ်ဆေးလို့ ၂၄ နာရီအတွင်းမှာ တတိယအကြိမ်စစ်ဆေးရမှာဖြစ်တယ်။ လူနာကို ၂ ကြိမ်ဆက်တိုက် ပိုးမတွေ့မှသာ ဆေးရုံကဆင်းခွင့်ပြုမှာဖြစ်တယ်" လို့ ဒီဗွီဘီကို ပြောပါတယ်။ လူနာအမှတ် ၂၉၂ နဲ့ ထိတွေ့ခဲ့သူများဖြစ်တဲ့ လှေသမ္မာန်သမား ၈ ဦး၊ ဟိုတယ်န်ထမ်း ၄ ဦး၊ စက်လှေသမား ၁ ဦး၊ ဆိုင်ကယ်ကယ်ရီသမား ၁ ဦးနဲ့ ကျန်းမာရေးဝန်ထမ်း ၂ ဦး၊ စုစုပေါင်း ၁၆ ဦးအား ပထမ ဆုံးအကြိမ် စစ်ဆေးရာမှာလည်း အားလုံး ရောဂါပိုးမတွေ့ရဘဲ ဒုတိယအကြိမ်စစ်ဆေးမယ်လို့ ဒေါက်တာကြည်ကြည်သာကပြောဆိုထားပါတယ်။ ကိုဗစ်-၁၉ လူနာအမှတ် ၂၉၂ ဟာ ဘင်္ဂလားဒေ့ရှိနိုင်ငံကို ပြီးခဲ့တဲ့အပတ်က ကုန်သွယ်မှုကိစ္စနဲ့ သွားရောက်ခဲ့ပြီး ဇွန်လ ၁၅ ရက်နေ့မှာ စစ်တွေမြို့ကို ရောက်ရှိလာပြီး နေထိုင်မကောင်းတဲ့အတွက် မိသားစုထံမသွားဘဲ့ ကျန်းမာရေးဌာနကိုအကြောင်းကြားပြီး ဇွန်လ ၂၁ ရက်နေ့က စစ်တွေမြို့ကမ်းနားလမ်းရှိ ဟိုတယ်တခုမှာ နေထိုင်နေခဲ့သူ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ မောင်တောမှာ ၅ ဦး၊ ဘူးသီးတောင်မှာ ၄ ဦး၊ သံတွဲမှာ ၁ ဦး၊ တောင်ကုတ်မှာ ၁ ဦး၊ စစ်တွေမြို့မှာ ၁ ဦး စုစုပေါင်း ၁၂ ဦးရှိတဲ့အထဲက သံတွဲ၊ တောင်ကုတ်မြို့နဲ့ မောင်တောမြို့က ၃ ဦး စုစုပေါင်း ၅ ဦး  နှစ်ကြိမ်ဆက်တိုက်ပိုးမတွေ့တောတာ့ကြောင့် ဆေးရုံမှဆင်းသွားပြီလို့ သိရပါတယ်။ လင်းလက်
11 months Ago

June 24, 2020

လူနာအမှတ် ၂၉၂ ဘင်္ဂလားဒေ့ရှ်ဘက် ကုန်သွယ်နေသူဖြစ်၊ ထိတွေ့ခဲ့သူများကို စုံစမ်းနေ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့က ပထမဆုံး ကိုဗစ်-၁၉ ရောဂါပိုးတွေ့သူ လူနာအမှတ် ၂၉၂ ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို စစ်တွေ ရွှေမင်းဂံကုန်သွယ်ရေးစခန်းကနေ တရားဝင်ကုန်သွယ်မှုပြုနေသူ ဖြစ်တယ်လို့ သိရပါတယ်။ လူနာအမှတ် ၂၉၂ ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပြီးခဲ့တဲ့အပတ်က ကုန်သွယ်မှုကိစ္စနဲ့ သွားရောက်ခဲ့ပြီး ဇွန်လ ၁၅ ရက်နေ့က စစ်တွေမြို့ကို ရောက်ရှိလာပြီး နေထိုင်မကောင်းတဲ့အတွက် မိသားစုထံမသွားဘဲ ကျန်းမာရေးဌာနကို အကြောင်းကြားကာ ဇွန်လ ၂၁ ရက်နေ့က စစ်တွေမြို့ ကမ်းနားလမ်းရှိ Strand Hotel မှာ Hotel Quarnatine နေထိုင်နေသူ ဖြစ်တယ်လို့ စစ်တွေခရိုင်ကျန်မာရေးဦးစီးဌာန တာဝန်ရှိသူတဦးက ပြောပါတယ်။ “သူက ဒီရက်ပိုင်းအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို စီးပွားရေးကိစ္စနဲ့သွားခဲ့တယ်။ ပြန်လာတဲ့အခါမှာ နေမကောင်းဘူး။ ဖျားတယ်။ ဒါကြောင့် သူ့မိသားစုတွေဆီ မသွားဘဲ ကျန်းမာရေးဌာနကို သွားပြတယ်။ ဟိုတယ်မှာ အခန်းငှားပြီးနေတယ်။ Hotel Quarnatine ပေါ့။ သူ့ရဲ့ နှာခေါင်းနဲ့အာခေါင်တို့ပတ်တွေ ဓာတ်ခွဲစစ်ဆေးတော ဒီနေ့ (ဇွန်-၂၃) ပိုးတွေ့တာ။”  အခုအခါ သူ့ကို ဟိုတယ်ကနေ စစ်တွေဆေးရုံကြီးရဲ့ အထူးကြပ်မတ်ဆောင်ကို ပို့ဆောင်လာခဲ့ပြီး သူနဲ့ ထိတွေခဲ့သူတွေကို စုံစမ်း ဖော်ထုတ်နေတယ်လို့ ဆိုပါတယ်။ ရခိုင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ မောင်တောမှာ ၅ ဦး၊ ဘူးသီးတောင်မှာ ၃ ဦး၊ သံတွဲမှာ ၁ ဦးနဲ့ တောင်ကုတ်မှာ ၁ ဦး၊ စစ်တွေမြို့မှာ ၁ ဦး စုစုပေါင်း ၁၁ ဦးရှိပြီး သံတွဲလူနာမှာ ၂  ကြိမ်စစ်ဆေးပြီး ရောဂါမတွေ့ရတော့လို့ ဆေးရုံက ဆင်းသွားပြီလို့ သိရပါတယ်။ လင်းလက်
11 months Ago
Up