လူနာအမှတ် ၂၄၄

A d v e r t i s e m e n t With Us

June 22, 2020

လူနာအမှတ် ၂၄၄ ကို ဒုတိယအကြိမ်စစ်ဆေးရာတွင် ကိုဗစ်-၁၉ ရောဂါပိုးမတွေ့

ရခိုင်ပြည်နယ်၊ မောင်တောမြို့မှာ ဒုတိယမြောက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ လူနာအမှတ် ၂၄၄ ကို ဒုတိအကြိမ်စစ်ဆေးရာမှာ ပိုးမတွေ့ရှိဘူးလို့ မောင်တောခရိုင်ကျန်းမာရေးဌာနက ပြောပါတယ်။ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနုကေသီစံက “လူနာအမှတ် ၂၄၄ ကို ဒုတိယအကြိမ်စစ်ဆေးရာမှာ Negative ပြပါတယ်။ အခု တတိယအကြိမ် စစ်ဆေးဖို့ ပို့ဆောင်ထားပါတယ်။ Negative ပြပြီး ၄၈ နာရီအတွင်း ထပ်မံပို့ဆောင်ရတာပါ။ တတိယအကြိမ် ပိုးမတွေ့တာနဲ့ သူ့ကို Facility Quarantine ထဲ ပြန်ထည့်သွားရမှာဖြစ်တယ်။ ၂၁ ရက်နေပြီး ဘာရောဂါလက္ခဏာထပ်မပြရင် အိမ်ပြန်ရမယ်” လို့ ပြောပါတယ်။ လူနာအမှတ် ၂၄၄ နဲ့ ထိတွေ့ခဲ့သူ ၃၉ ဦးအား လှဖိုးခေါင်ယာယီ ပြန်လည်လက်ခံရေးစခန်းမှာ Facility Quarantine ထားရှိပြီး ပထမအကြိမ် ဓာတ်ခွဲစစ်ဆေးရာမှာ အားလုံး Negative ဖြစ်ခဲ့ပါတယ်။ သူတို့အား Facility Quarantine ၂၁ ရက်မပြည့်မီ ဒုတိယအကြိမ် ပြန်လည်စစ်ဆေးသွားမယ်လို့ ခရိုင်ကျန်းမာရေးဌာနက သိရပါတယ်။ အသက် ၂၅ နှစ်အရွယ် လူနာအမှတ် ၂၄၄ ဟာ မေလ ၃၀ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြန်လာပြီး မောင်တောမြို့နယ် ကြိမ်ချောင်းကျေးရွာမှာ နေထိုင်ခဲ့တဲ့အတွက် ကျန်းမာရေးဌာနက တရွာလုံးကို Home stay နေထိုင်ခိုင်းထားတာပါ။ လင်းလက်
9 months Ago

June 13, 2020

ကိုဗစ်-၁၉ လူနာအမှတ် ၂၄၄ နှင့် ထိတွေခဲ့သူ ၄၇ ဦးတွင် ရောဂါပိုးမတွေ့

ရခိုင်ပြည်နယ်၊ မောင်တောမြို့မှာ ဒုတိယမြောက် ကိုဗစ်-၁၉ ရောဂါတွေ့ရှိသူ လူနာအမှတ် ၂၄၄ နဲ့ ထိတွေခဲ့သူ ၄၇ ဦးကို ဓာတ်ခွဲစစ်ဆေးချက်အရ ရောဂါပိုး မတွေ့ရဘူးလို့ ကျန်းမာရေးဌာနက တာဝရှိသူက ပြောပါတယ်။ ကိုဗစ်-၁၉ လူနာအမှတ် ၂၄၄ နဲ့ ထိတွေခဲ့သူ ၄၇ ဦးအား ဒုတိယအကြိမ် ဓာတ်ခွဲစစ်ဆေးသွားမယ်လို့ မောင်တောခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနုကေသီစံက ပြောပါတယ်။ "အားလုံ Negative ပါ။ ဇွန်လ ၁၂ ရက်နေ့ မနက်မှ သိရတာပါ။ သူတို့ကို နောက်ထပ်ဒုတိယအကြိမ် စစ်ဆေးရပါဦးမယ်။" သူနဲ့ထိတွေ့သူ ၄၇ ဦးအား လှဖိုးခေါ်ယာယီပြည်လက်ခံရေးစခန်းမှာ Facility Quarantine ထားရှိထားပြီး ဓာတ်ခွဲစစ်ဆေးခဲ့တာလည်း ဖြစ်ပါတယ်။ ဓာတ်ခွဲစစ်ဆေးတာမှာ လူနာအမှတ် ၂၄၄ နဲ့ ထိတွေခဲ့သူ ၄၇ ဦးနဲ့ Facility Quarantine ဝင်နေသူ ၃ ဦးတို့ ပါဝင်တယ်လို့ ကျန်းမာရေးဌာနက သိရပါတယ်။ သူနေထိုင်ခဲ့တဲ့ မောင်တောမြို့နယ် ကြိမ်ချောင်းကျေးရွာအား Home Stay နေထိုင်ကြဖို့ ကျန်မာရေးဌာနက ညွှန်ကြားထားပါတယ်။ မောင်တောမြို့က ဒုတိယမြောက် ကိုဗစ်-၁၉ ရောဂါတွေ့ရှိသူ လူနာအမှတ် ၂၄၄ ဟာ မေလ ၃၀ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံကပြန်လာတဲ့ အသက် ၂၅ နှစ်အရွယ် အမျိုးသားဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဒီနေ့မနက် ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၆၁ ဦး၊ စောင့်ကြည့်လူနာအသစ် ၄၆ ဦး၊ သေဆုံးသူ ၆ ဦး၊  ဓာတ်ခွဲအတည်ပြု လူနာဟောင်းတွေရဲ့ ဓာတ်ခွဲနမူနာစစ်ဆေးမှုမှာ ၂ ကြိမ် ဆက်တိုက် ပိုးမတွေ့ရှိသူ စုစုပေါင်း ၁၆၅ ဦးထဲက ၁၅၈ ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီး သတ်မှတ်နေရာတွေမှာ အသွားအလာ ကန့်သတ် စောင့်ကြပ်ကြည့်ရှုထားပါတယ်။ လင်းလက်
9 months Ago
Up