လူနာအမှတ် ၂၃၃

A d v e r t i s e m e n t With Us

June 22, 2020

ပဲခူးမြို့က ကိုဗစ်-၁၉ လူနာအမှတ် ၂၃၃ ပိုးကင်းစင်သွားသဖြင့် နေအိမ်ပြန်

ပဲခူးမြို့ ကလိဆေးရုံမှာ ကုသနေတဲ့ ကိုဗစ်-၁၉  အတည်ပြုလူနာအမှတ် ၂၃၃ ဟာ ရောဂါပိုးကင်းစင်သွားတာကြောင့် ညောင်လေးပင်မြို့ကနေအိမ်ကို ပြန်လည်ပို့ဆောင်လိုက်ပြီလို့ ပဲခူးဆေးရုံအုပ်ကြီးက ပြောပါတယ်။ ဇွန် ၃ ရက်နေ့ကစပြီး ပဲခူးမြို့ ကလိဆေးရုံမှာ တက်ရောက်ကုသနေတဲ့ ညောင်လေးပင်မြို့နေ ထိုင်းနိုင်ငံက ပြန်လာတဲ့ အတည်ပြုလူနာ ၂၃၃ မှာ ၂ ကြိမ်ဆက်တိုက် ရောဂါပိုးမတွေ့တော့ဘဲ ရောဂါကင်းစင်သွားပြီဖြစ်တာကြောင့် ဇွန် ၂၂ ရက် မနက် ၉ နာရီမှာ ညောင်လေးပင်မြို့ရှိ သူ့ရဲ့နေအိမ်ကို ပြန်ပို့လိုက်တာလို့ ပဲခူးဆေးရုံအုပ်ကြီး ဒေါက်တာ ရန်နိုင်မောင်က ပြောပါတယ်။ ပဲခူးတိုင်းမှာ ဇွန်လ ၂၀ ရက်အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၈ ဦးအထိရှိခဲ့ပြီး ၇ ဦး ပြန်လည်သက်သာသွားကာ ၁ ဦး သေဆုံးခဲ့ပါတယ်။ အောင်စိုးမိုး
8 months Ago

June 14, 2020

လူနာအမှတ် ၂၃၃ ကို ဒုတိယအကြိမ်စစ်ဆေးချက်အရ ရောဂါပိုးမတွေ့

ထိုင်းနိုင်ငံကနေ ညောင်လေးပင်မြို့နယ်ကို ပြန်လာတဲ့ အတည်ပြုလူနာအမှတ် ၂၃၃ ကို ဒုတိယအကြိမ် ဓာတ်ခွဲစစ်ဆေးချက်အရ ရောဂါပိုးမတွေ့ရှိကြောင်း ပဲခူးဆေးရုံအုပ်ကြီး ဒေါက်တာရန်နိုင်မောင်က ပြောပါတယ်။ အဲဒီအမျိုးသားက ပြီးခဲ့တဲ့ မေလ ၂၆ ရက်နေ့က ထိုင်းနိုင်ငံကပြန်လာတာဖြစ်ပြီး ဇွန်လ ၃ ရက်နေ့ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့လို့ ပဲခူးမြို့ ကိုဗစ်လူနာတွေထားတဲ့ ကလိဆေးရုံကို ပို့ဆောင်ကုသနေထားတာပါ။ စတင်ပို့ဆောင်စဉ်ကတည်းက ဖျားတာနာတာ မရှိသလို နှားစီချောင်းဆိုးတာလည်း မရှိခဲ့ဖူးလို့ ဆိုပါတယ်။ ပဲခူးတိုင်းအတွင်းမှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၈ ဦး၊ သေဆုံးသူ ၁ ဦးနဲ့ ရောဂါသက်သာ ပျောက်ကင်းလာသူ ၆ ဦး ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။
9 months Ago
More News
Up