လူနာအမှတ် ၁၅၀

A d v e r t i s e m e n t With Us

April 29, 2020

ဟားခါးမြို့နယ်တွင် အမျိုးသမီး ၁ ဦး COVID-19 ကူးစက်ခံရ၊ နိုင်ငံတဝန်း အတည်ပြုလူနာပေါင်း ၁၅၀ အထိရှိလာ

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်မှာ COVID-19 အတည်ပြုလူနာသစ်  ၁ ဦးထပ်မံ စစ်ဆေးတွေ့ရှိခဲ့ပြီး နိုင်ငံတဝန်းမှာ အတည်ပြုလူနာ စုစုပေါင်း ၁၅၀ အထိရှိသွားပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ မနက် ၇ နာရီက  ထုတ်ပြန်ပါတယ်။ အဆိုပါလူနာသစ်ဟာ ဟားခါးဆေးရုံမှာ အသွားအလာကန့်သတ်စောင့်ကြည့်ထားတဲ့ အသက် ၁၈ နှစ်အရွယ် အမျိုးသမီး ၁ ဦးဖြစ်ပြီး COVID-19 ရောဂါကူးစက်ခံရသူတွေနဲ့ ထိတွေ့မှုမရှိခဲ့ပေမယ့် ပြည်ပကိုခရီးသွားခဲ့သူ ဖြစ်ပါတယ်။  ဒီမနက်အစောပိုင်းမှာ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) က ဓာတ်ခွဲစစ်ဆေးပြီးစီးခဲ့တဲ့ ဓာတ်ခွဲနမူနာ ၂၆၈ ခုထဲမှာ လူနာသစ် ၁ ဦးတွေ့ရှိခဲ့တာပါ။ မနေ့ညကတော့ ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်နဲ့ တောင်ဥက္ကလာပမြို့နယ်တွေမှာ  COVID-19 အတည်ပြုလူနာသစ်  ၃ ဦးထပ်မံ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။  ဧပြီ ၂၉ ရက် မနက် ၇ နာရီအထိ   မြန်မာနိုင်ငံတဝန်းမှာ ဓာတ်ခွဲအတည်ပြုလူနာ  စုစုပေါင်း ၁၅၀ ဦး၊ ရောဂါပိုးကင်းစင်သူ  ၁၆ ဦးနဲ့  သေဆုံးသူ  ၅  ဦးရှိပါတယ်။
10 months Ago
Up