လူနာအမှတ် ၁၄၄

May 25, 2020

မိုးညှင်းမြို့က ကိုဗစ်-၁၉ လူနာအမှတ် ၁၄၄ နေအိမ်ပြန်ရောက် 

ကချင်ပြည်နယ်၊ မိုးညှင်းမြို့က ကိုဗစ်-၁၉ လူနာ အမှတ် ၁၄၄ ဟာ ကျန်းမာရေးပြန်လည် ကောင်းမွန်လာတဲ့အတွက် မြစ်ကြီးနားကနေ မိုးညှင်းနေအိမ်သို့ မေလ ၂၅ ရက် ညနေက ပြန်ရောက်ရှိပါတယ်။ သူ့ကို Home Quarantine ၇ ရက် ဆက်ထားမှာဖြစ်ပြီး ပတ်ဝန်းကျင်က အိမ်တွေကိုလည်း အကျိုးအကြောင်း ရှင်းပြထားပြီးသားဖြစ်တယ်လို့ နယ်မြေခံ ဆရာဝန် ဒေါက်တာဖြူလေးဝေက ပြောပါတယ်။ “လွန်ခဲ့တဲ့ ၂ ရက်လောက်က ကျမရယ်၊ ကျမအပိုင် ဆရာတစ်ယောက်ရယ် လာပြီးတော့ ဒီအိမ်ရှေ့ဘေး ၂ အိမ်ကျော်ပေါ့နော်၊  ဟိုဘက် ၂ အိမ်ကျော်၊ ဒီဘက် ၂ အိမ်ကျော်ပေါ့နော် ပတ်ချာလည်အိမ်တွေအားလုံးကို ကျမတို့ ဒီကလေးဟာ ရောဂါပျောက်ကင်းပြီ။ Negative ၂ ခါဖြစ်ပြီ ဆိုတဲ့အကြောင်းလည်း ကျမ ရှင်းပြပြီးသား။” လူနာရဲ့နေအိမ်မှာ လူနာရဲ့ မိဘနှစ်ပါးသာနေထိုင်ပြီး ကျန်မိသားစုဝင်တွေကို လူနာအမှတ် ၁၄၄ ရဲ့ အဘွားအိမ်မှာ သွားရောက်နေထိုင်စေမှာဖြစ်တယ်လို့ အောင်သပြေ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးနော်လာထံက သိရပါတယ်။ လူနာ အမှတ် ၁၄၄ ရဲ့ ဖခင် ဦးလောအေကတော့ “ဆွေတွေ၊ မျိုးတွေ၊ လူကြီးတွေ အသိုင်းအဝိုင်းတွေ ကြိုဆိုပေးတာ ဘယ်လောက်ဝမ်းသာစရာကောင်းသလဲ။ ရောဂါဖြစ်ပြီး ဒီလို အကြောင်းတောင်ဖြစ်တာ လိုင်းပေါ်တင်ကြတယ်ဆိုတော့ ဝမ်းသာတာပေါ့လေ။ နိုင်ငံတော်ကိုလည်း အဓိက ကျေးဇူးတင်တယ်။ အခု ဒီရောဂါက မိမိတို့ ဘာမှ ကုန်ကျငွေ မလိုဘူး။ အားလုံး အစိုးရ လုပ်ပေးတယ်။ အစစအရာရာပေါ့နော်။ သွားတယ်။ လာပို့တယ်။ အခုမှ ကြားဘူးတယ်။ အရင်တုန်းက ဒီလိုမျိုးဘယ်မှာမှ မကြားဘူးသေးဘူး။ quarantine ဝင်တုန်းကလည်း စားဖို့ သောက်ဖို့တို့ ဘာမှ မပူရဘူး။ သူများ လာပို့ကြတယ်။ အပေါင်းအသင်းတွေ အားလုံး အားပေးစကားပြောတယ်။ ကျေးဇူးတင်ပါတယ်” လို့ ပြောပါတယ်။ လူနာ အမှတ် ၁၄၄ နေအိမ်အိမ်ပြန်ရောက်လာချိန် သူ့ရဲ့ မိဘနှစ်ပါးနဲ့ သင်းအုပ်ဆရာတို့က ပန်းစီးပေးအပ်ကာကြိုဆိုခဲ့ကြသလို ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ဝင်တွေ၊ ကျန်းမာရေး ဝန်ထမ်းတွေ၊ ပရဟိတ အဖွဲ့ဝင်တွေ၊ တရုတ်ခရစ်ယာန်နှစ်ခြင်း အသင်းတော်က မိတ်ဆွေ ဆွေမျိုး အသိုင်းအဝိုင်းက ကြိုဆိုခဲ့ကြပါတယ်။ လူနာအမှတ် ၁၄၄ ဟာ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်ရှိ ချန်းရီ ဖိနပ်စက်ရုံမှာ တရုတ်စကားပြန် လုပ်ကိုင်နေသူဖြစ်ပါတယ်။ မောင်နှမ ၇ ဦး အနက် အကြီးဆုံးသားလည်း ဖြစ်ပြီး လူနာနဲ့ မိဘနှစ်ပါးဟာ Home Quarantine ၇ ရက် ပြန်လည်နေထိုင်ရမှာ ဖြစ်ပါတယ်။ ခင်သန်းညွန့်
1 year Ago

May 15, 2020

လူနာအမှတ် ၁၄၄ နှင့် ထိတွေ့ဆက်စပ်ခဲ့သူများကို အိမ်ပြင်ထွက်ခွင့်ပြန်ပြု

ကချင်ပြည်နယ် မိုးညှင်းမြို့မှာ COVID-19 လူနာအမှတ် ၁၄၄ နဲ့ ထိတွေ့ဆက်စပ်ခဲ့တဲ့ မိသားစု၊ ကျန်းမာရေးဝန်ထမ်းတွေ၊ ဘော်လန်တီယာတွေကို ၂၁ ရက် Quarantine ပြည့်သွားတာကြောင့် မေ ၁၄ ရက်ညနေပိုင်းမှာ တာဝန်ရှိသူတွေက နေအိမ်အပြင် ထွက်ခွင့်ပေးလိုက်တယ်လို့ သိရပါတယ်။ "မနက်ဖြန် ၂၁ ရက်ပြည့်ပြီဖြစ်လို့ နေအိမ် Quarantine တွေ ဒီညနေလိုက်ဖွင့်ပေးနေပါပြီ။ ကျန်းမာရေးဝန်ထမ်းတွေ နဲ့ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက ၂၁ ရက် ပြည့်အောင် Quarantine နေအိမ်တွေမှာနေခဲ့ကြောင်း လက်မှတ်ထိုးထားတဲ့ စာရွက်တွေ ပေးထားခဲ့တယ်”လို့ ကျန်းမာရေးဌာနမှ ဦးလှဌေးက ပြောပါတယ်။ Quarantine ပြည့်ပြီး ပြန်ထွက်ခွင့်ရသူ ဒေါ်ဝင်းမာက "ပျော်တယ် စိတ်ချမ်းသာတယ်။ လူနာ ၁၄၄ မှာလည်း ပိုးကင်းစင်သွားပြီလို့ သိရတဲ့အတွက် ကိုယ်တွေလည်း ကင်းစင်သွားသလိုခံစားရတယ်” လို့ ပြောပါတယ်။ လူနာအမှတ် ၁၄၄ ဟာ လှိုင်သာယာမြို့နယ် ချန်းရီ ဖိနပ်စက်ရုံ စက်ပြင်ဌာနက တရုတ်စကားပြန်အမျိုးသားဖြစ်ပြီး ပြီးခဲ့တဲ့ ဧပြီ ၂၄ ရက်နေ့မှာ ကျန်းမာရေးဝန်ကြီးဌာနက ပိုးတွေ့လူနာအဖြစ်ကြေညာခဲ့တာပါ။ ဧပြီ ၂၅ ရက်နေ့မနက်ပိုင်းကစပြီး သူနဲ့ ထိတွေဆက်စပ်ခဲ့သူတွေရဲ့ နေအိမ် ၃၈ လုံး၊ မိသားစု ၄၀ ကျော်ကို ကွာရန်တင်း ၂၁ ရက်သတ်မှတ်စောင့်ကြည့်ခဲ့တာပါ။
1 year Ago
More News
Up