လူနာအမှတ်၁၈၂

May 16, 2020

ထန်တလန်မြို့နယ်က အမျိုးသားတဦးတွင် COVID-19 ရောဂါပိုးတွေ့ရှိ

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က တတိယအသုတ်အဖြစ် ဓာတ်ခွဲနမူနာ ၂၆၇ အား စစ်ဆေးချက်အရ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၁ ဦးတွေ့ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ဒီနေ့မနက် ၇ နာရီထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံမှာ ဒီနေ့မနက် ၇ နာရီအထိ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ ၁၈၂ ဦး၊ သေဆုံးသူ ၆ ဦး ရှိပြီဖြစ်ပါတယ်။ အသက် ၃၂ နှစ်အရွယ် အတည်ပြုလူနာ ၁၈၂ ဟာ ချင်းပြည်နယ် ထန်တလန်မြို့နယ်က ဖြစ်ပြီး COVID-19 ရောဂါ အတည်ပြုလူနာတွေနဲ့ ထိတွေ့မှုမရှိဘဲ မလေးရှားနိုင်ငံက ပြန်လာသူဖြစ်ကာ အသွားအလာကန့်သတ် စောင့်ကြည့်နေသူဖြစ်တယ်လို့ ဆိုပါတယ်။ ဓာတ်ခွဲအတည်ပြုလူနာတွေအနက် ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း ၈၉ ဦးနဲ့ ၇၄ ဦးကို ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်ပြီး သတ်မှတ်နေရာတွေမှာ အသွားအလာကန့်သတ် ဆက်လက်စောင့်ကြပ် ကြည့်ရှုနေတယ်လို့ ဆိုပါတယ်။ မေ ၁၅ ရက်နေ့က အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က  ဓာတ်ခွဲနမူနာ ၅၄၆ ခုနဲ့ ဆေးသုတေသနဦးစီးဌာနက ဓာတ်ခွဲနမူနာ ၁၄၈ ခု၊ စုစုပေါင်း ဓာတ်ခွဲနမူနာ ၆၄၉ ခုအား စစ်ဆေးခဲ့ပြီး လူနာသစ် ၁ ဦး တွေ့ရှိခဲ့တာလည်း ဖြစ်ပါတယ်။
1 year Ago
Up