လူနာသစ် ၆၄၂ ဦး

September 20, 2020

တရက်အတွင်း ကိုဗစ်-၁၉ လူနာသစ် ၆၄၂ ဦး စံချိန်တင်တွေ့ရှိ၊ စုစုပေါင်း ၅,၂၆၃ ဦးရှိလာ

ဓာတ်ခွဲနမူနာ ၃,၁၃၂ ခုအား ဒုတိယသုတ်အဖြစ် စစ်ဆေးချက်အရ ကိုဗစ်-၁၉ အတည်ပြု လူနာသစ် ၃၉၃ စံချိန်တင်ထပ်မံတွေ့ရှိခဲ့ပြီး စုစုပေါင်း လူနာ ၅,၂၆၃ ဦး ရှိပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့မနက် ၈ နာရီ ထုတ်ပြန်ပါတယ်။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ၁,၄၂၀ ခု၊ ဆေးသုတေသနဦးစီးဌာနက ၁၅၈ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) က ၃၉၈ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) က ၃၂၀ ခု၊ ထားဝယ်မြို့ - ပြည်သူ့ဆေးရုံကြီးက ၁ ခုနဲ့ ရန်ကုန်မြို့၊ အမှတ်(၁) တပ်မတော်ဆေးရုံကြီး ခုတင်-၁၀၀၀ က ၈၃၅ ခု၊ စုစုပေါင်း ဓာတ်ခွဲနမူနာ ၃,၁၃၂ ခုတို့အား ထပ်မံစစ်ဆေးပြီးစီးခဲ့ပြီး လူနာသစ် ၃၉၃ ဦး တွေ့ရှိခဲ့တာပါ။ မနေ့ညက ဓာတ်ခွဲနမူနာ ၂,၁၆၆ ခုအား ပထမသုတ် စစ်ဆေးရာမှာလည်း ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၂၄၉ ဦး ထပ်မံတွေ့ရှိတာကြောင့် တရက်အတွင်း ဓာတ်ခွဲနမူနာ ၅,၂၉၈ ခုအား စစ်ဆေးခဲ့ပြီး လူနာသစ် ၆၄၂ ဦး စံချိန်တင် တွေ့ရှိခဲ့တာလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ဒီနေ့မနက် ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၅၂၆၃ ဦး၊ သေဆုံးသူ ၈၁ ဦး၊ ဓာတ်ခွဲအတည်ပြု လူနာဟောင်း ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးသူ ၁,၁၈၈ ဦးနဲ့ စောင့်ကြည့်လူနာအသစ် ၃၂၈ ဦးရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
8 months Ago
Up