လူနာသစ် ၅ ဦး

October 19, 2020

မွန်ပြည်နယ်တွင် ကိုဗစ်-၁၉ လူနာသစ် ၅ ဦး ထပ်တွေ့၊ အတည်ပြုလူနာ ၅၀၀ ကျော် ရှိလာ

မွန်ပြည်နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၅ ဦး ထပ်မံ တွေ့ရှိခဲ့တယ်လို့ ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက အောက်တိုဘာ ၁၈ ရက်နေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။ ရောဂါပိုးတွေ့ရှိသူ ၅ ဦးမှာ မော်လမြိုင် သံလွင်အေး အအေးအခန်းစက်ရုံ ကိုဗစ်လူနာကတဆင့် ရောဂါပိုးကူးစက်ခံရသူ ၁ ဦးနဲ့ ကျန် ၄ ဦးဟာ ကုန်တင်ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။ ကုန်တင်ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေကို ရေးမြို့နယ် ခေါဇာလမ်းဝက စစ်ဆေးရေးဂိတ်နဲ့ ကျိုက်ထိုမြို့နယ်က စစ်တောင်း ကိုဗစ် စစ်ဆေးရေးဂိတ်မှာ ရောဂါပိုး ရှိ မရှိ စစ်ဆေးရာမှ ရောဂါပိုးတွေ့ရှိခဲ့တာပါ။ လက်ရှိမှာတော့ ရောဂါပိုး တွေ့ရှိသူ ၅ ဦးစလုံးကို မော်လမြိုင်ပြည်သူ့ဆေးရုံကို ပြောင်းရွှေ့ကုသပေးထားပါတယ်။ မွန်ပြည်နယ်မှာ အောက်တိုဘာ ၁၉ ရက်နေ့ နေ့လယ်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၅၁၆ ဦး၊ အဲဒီထဲမှာ လူနာ ၉ ဦး သေဆုံးပြီး ဆေးရုံ ဆင်းခွင့်ရသူ ၃၀၀ ကျော် ရှိပြီလို့ သိရပါတယ်။
6 months Ago

June 5, 2020

တရုတ်နိုင်ငံသို့ ပြည်ပမှဝင်လာသည့် ကိုရိုနာ လူနာသစ် ၅ ဦး ထပ်တွေ့

တရုတ်နိုင်ငံမှာ ပြည်ပကနေ ဝင်လာတဲ့ ကိုဗစ်-၁၉ လူနာသစ် ၅ ဦး ဇွန်လ ၄ ရက်နေ့က  ထပ်မံတွေ့ရှိခဲ့ပါတယ်။  ဒါ့ကြောင့် ပြည်ပက ကူးစက်ခံလူနာဟာ ၁၇၆၈ ဦးအထိရှိလာပြီလို့ တရုတ်အမျိုးသား ကျန်းမာရေးကော်မရှင်က ဇွန်လ ၅ ရက်မှာ ပြောကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ လူနာ ၅ ဦးထဲမှာ ၄ ဦးက ရှန်ဟိုင်းက ဖြစ်ပြီး ၁ ဦးကတော့ စီချွမ်ပြည်နယ်က ဖြစ်ပါတယ်။  ပြည်ပက ကူးစက်ခံလူနာတွေထဲမှာ ပြန်လည်ကောင်းမွန်လာလို့ ဆေးရုံက ပေးဆင်း လိုက်တာ ၁၇၀၇ ဦး ရှိပြီး ၆၁ ဦးသာ ဆေးရုံဆက်တင်ထားရတယ်လို့ ကော်မရှင်က ဆိုပါတယ်။ မေ ၅ ရက်နေ့မနက်အထိ တရုတ်နိုင်ငံမှာ အတည်ပြုလူနာဦးရေ စုစုပေါင်းက ၈၃၀၀၀ ကျော်နဲ့ သေဆုံးသူ ၄၆၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။
10 months Ago
Up