လူနာသစ် ၂၈ ဦး

December 5, 2020

ရွှေဘိုတွင် ကိုဗစ်-၁၉ လူနာသစ် ၂၈ ဦး တွေ့ရှိ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမှာ ဒီဇင်ဘာလ ၄ ရက်နေ့က ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၂၈ ဦး တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ ပိတောက်ခေါင်းကျေးရွာ၊ ဘိုးတော်တောကျေးရွာ၊ ညောင်ပင်သာ ကျေးရွာတွေမှာ Quarantine ဝင်နေသူ ၅၉ ဦး စုစုပေါင်း  ၁၉၄ ဦးစစ်ဆေးရာ စုစုပေါင်း ၂၈ဦး ပိုးတွေ့ရှိခဲ့တာလို့ ရွှေဘိုခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဝင်းလဲ့လဲ့ထွေးက ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ အခုရက်ပိုင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ဆက်တိုက်တိုးလာတဲ့အတွက် နေရာထိုင်ခင်း၊ အထောက်အကူပြုပစ္စည်းတွေ မလုံလောက်တာ ဖြစ်ပေါ်နေတယ်လို့ ရွှေဘိုမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်း အဓိကပါဝင်ဆောင်ရွက်နေသူ ဆရာကြီး ဦးတင်ဝင်းက ပြောပါတယ်။ “ရွှေဘိုမြို့ သူမြို့သား အများစုက မြို့ကို Lock Down၊ Semi Lock down၊ ဒါမှမဟုတ် Home Stay နေဖို့ ဖြစ်ဖြစ် ဝန်ကြီးချုပ်အထိ တင်ပြပေးဖို့ရှိတယ်။ ကျေးရွာတွေအတွက် ရန်ပုံငွေရှာဖွေရေး ကိုယ်တိုင်ပါဝင်ဆောင်ရွက်နေပြီး ဘိုးတော်တော ရန်ပုံငွေ သိန်းတစ်ရာ နီးပါး ရရှိထားတယ်။”  ရွှေဘိုမြို့မှာ ဒီဇင်ဘာလ တစ်ရက်နေ့မှ လေးရက်နေ့အထိ ကိုဗစ်၁၉ ရောဂါပိုးတွေ့ရှိသူ ၄၁ ဦးရှိပြီး ရောဂါကုသပျောက်ကင်းလို့ ဆေးရုံဆင်းသူ ၂၇ ဦးရှိတယ်လို့ ရွှေ့ဘိုတက္ကသိုလ် FQ တာဝန်ခံ ဦးစိုးမြင့်အောင်ဆီက သိရပါတယ်။ ချိုသဲကြည်
5 months Ago
Up