လူနာသစ် ၁၁ ဦး

December 7, 2020

မကွေးတိုင်းတွင် ကျန်းမာရေးဝန်ထမ်းနှင့်မိသားစုအပါအဝင် ကိုဗစ်-၁၉ လူနာသစ် ၁၁ ဦးတွေ့ရှိ

မကွေးတိုင်းမှာ ကျန်းမာရေးဝန်ထမ်းနဲ့ မိသားစုဝင် ၅ ယောက်အပါဝင် ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၁၁ ယောက် ထပ်မံတွေ့ရှိခဲ့တယ်လို့ တိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနက မနေ့ညနေက ထုတ်ပြန်ပါတယ်။ မကွေးတိုင်းပြည်သူ့ဆေးရုံကြီးက ပိုးတွေ့ခဲ့တဲ့ ကျန်းမာရေး ဝန်ထမ်းနဲ့ ထိစပ်ခဲ့တဲ့ ဝန်ထမ်းနဲ့ မိသားစုဝင် ၁၀၀ ကျော်အနက် အနီးစပ်ဆုံး ထိစပ်ခဲ့သူ ၉၀ ကျော်ကို စစ်ဆေးရာမှာ မိသားစုဝင် ၄ ယောက်မှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့တယ်လို့ ဆေးရုံအုပ်ကြီး ဒေါက်တာ ဝင်းဝင်းဌေးက DVB ကို ပြောပါတယ်။ ဒါ့အပြင် သင်ကြားရေးဆေးရုံက အငယ်တန်းကျန်းမာရေးဝန်ထမ်း တစ်ယောက်မှာလည်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တယ်လို့ သက်ဆိုင်ရာဆေးရုံတာဝန်ရှိသူက ဆိုပါတယ်။ လူနာသစ်တွေကတော့ မကွေးမြို့နယ်က ၈ ယောက်၊ မင်းဘူးမြို့နယ်က ၂ ယောက်နဲ့ ချောက်မြို့နယ်က ၁ ယောက်ဖြစ်တယ်လို့ တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်းက ပြောပါတယ်။ မကွေးတိုင်းမှာ ပိုးတွေ့လူနာတွေများပြားလာတာကြောင့် Mask Campaign တွေ အချိန်မြှင့်လုပ်ဆောင်နေသလို မြို့နယ်အလိုက် RTD Tesk Kit တွေနဲ့ ပိုမိုစစ်ဆေးနေပြီး ကုသရေးပိုင်းအတွက်လည်း ဆေးရုံတွေကို ကြိုတင်ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။ မကွေးတိုင်းဒေသကြီးမှာ ဒီဇင်ဘာလ ၆ ရက်နေ့ ညနေပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၅၅၃ ယောက်ထိ ရှိလာပြီး ဆေးရုံဆင်းခွင့်ရသူ ၁၃၀၄ ယောက်နဲ့ သေဆုံးသူ ၃ ယောက်ရှိတယ်လို့ တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။ မင်းထီး
4 months Ago

December 6, 2020

မင်းလှတွင် ကိုဗစ်-၁၉ လူနာသစ် ၁၁ ဦး ထပ်တွေ့၊ စုစုပေါင်း ၂၁၂ ဦး ရှိလာ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၁၁ ဦး ထပ်မံတွေ့ရှိတယ်လို့ မြို့နယ်ကျန်းမာရေးဦးစီးဌာနက  မနေ့ညမှာ ထုတ်ပြန်ပါတယ်။ ခရီးသွားရာဇဝင်မရှိသူ ၅ ဦးနဲ့ ရန်ကုန်ပြန် ၆ ဦးတို့မှာ ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိခဲ့တာလို့ သိရပါတယ်။  ခရီးသွားရာဇဝင်မရှိတဲ့ အသက် ၈၇ နှစ်အရွယ် အမျိုးသားတစ်ဦး အသက်ရှူကျပ်‌ ဝေဒနာခံစားရတာကြောင့် ဓာတ်ခွဲနမူနာယူ ပေးပို့စစ်ဆေးရာ ရောဂါပိုးတွေ့ရှိခဲ့ပြီးနောက် သားစုဝင် ၈ ဦးအား RDT Test Kit နဲ့ စစ်ဆေးရာ ၄ ဦးမှာ ‌ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့တာလို့ မင်းလှမြို့နယ်ဆရာဝန်ကြီး ဒေါက်တာလှဝင်းက ပြောပါတယ်။ ဒါ့အပြင် ဒီဇင်ဘာ ၃ ရက်နေ့က ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့တဲ့ မင်းလှမြို့မရဲစခန်းက ရဲမေတစ်ဦးနဲ့ ထိတွေ့ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေ၊ အချုပ်သားတွေကို စစ်ဆေးရာမှာ ရောဂါပိုးမတွေ့ ဘူးလို့ သိရပါတယ္။ မင်းလှမြို့မှာ ဒေသတွင်း ကူးစက်မှု‌တွေများ‌လာတာကြောင့် ပြည်သူတွေအနေနဲ့ ကျန်းမာရေးဌာနက ညွှန်ကြားချက်အတိုင်း နေထိုင်ပြီး လူစုလူဝေးရှောင်ကြဉ်ဖို့၊ တတ်နိုင်ပါက အပြင်မထွက်ဖို့၊ အပြင်ထွက်လည်း Mask တပ်ဖို့ လက်ဆေးဖို့ လိုအပ်ကြောင်း ‌ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။ မင်းလှမြို့နယ်မှာ ဒီဇင်ဘာ ၅ ရက်နေ့အထိ အတည်ပြုလူနာ ၂၁၂ ဦးထိ ရှိလာပြီး ဆေးရုံဆင်းခွင့်ရရှိသူ  ၈၈ ဦးနဲ့ ဆေးကုသပေးနေသူ  ၂၄ ဦး ရှိတယ်လို့ သိရပါတယ်။ သက်နိုင်ဝင်း
4 months Ago
Up