အာဂျင်တီးနားနိုင်ငံမှာ ဇွန်လ ၉ ရက် တစ်ရက်ထဲမှာ ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ဦးရေ ၁၀၀၀ ကျော်တွေ့ရှိခဲ့ပါတယ်။
နိုင်ငံရဲ့အကြီးဆုံးမြို့တော်ဖြစ်ပြီး ဗိုင်းရပ်စ်ပြန့်ပွားရာဗဟိုချက်ဖြစ်နေတဲ့ မြို့တော် ဗျုနိုအေးရိစ်မှာ အသွားအလာကန့်သတ်ထားတဲ့ လော့ဒေါင်းစည်းမျဉ်းတွေကို ထပ်သက်တမ်းတိုး ထားချိန်မှာ ဖြစ်လာနေတာပါ။
အာဂျင်တီးနားကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ ၂၄ နာရီအတွင်း အသစ်တွေ့ရှိရတဲ့ အတည်ပြုလူနာဦးရေ ၁,၁၄၁ ဦးရှိခဲ့ပြီး ၂၄ ဦး သေဆုံးတယ်ဆိုပါတယ်။
ဒါ့ကြောင့် ဗိုင်းရပ်စ်ကူးစက်မှုစတင်ဖြစ်ပွားရာ မတ်လအစောပိုင်းကစလို့ အခုအချိန်ထိ အတည်ပြုလူနာဦးရေ ၂၄,၇၆၁ ဦး ရှိထားပြီး သေဆုံးသူကလည်း ၇၁၇ ဦး ရှိပါပြီ။
လက်တင်အမေရိကတိုက်ဟာ ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်-၁၉ ကပ်ဘေးရဲ့ ရှေ့တန်းနေရာ ဖြစ်လာနေပါတယ်။ ဒါပေမဲ့ အာဂျင်တီးနားမှာဖြစ်တဲ့ ကူးစက်နှုန်းဟာ အိမ်နီးချင်းတွေဖြစ်တဲ့ ချီလီနဲ့ ဘရာဇီးတို့ ထက်တော့ နိမ့်ပါ သေးတယ်။
အင်္ဂါနေ့က ချီလီမှာ အတည်ပြုလူနာ ၃,၉၁၃ ဦး တွေ့ခဲ့ပြီး ဘရာဇီးမှာ ၃၂,၀၉၁ ဦး တွေ့ ခဲ့တယ်လို့ ရိုက်တာသတင်းက ရေးထားပါတယ်။
9 months Ago