လူနာသစ်  ၁

December 10, 2020

ကိုဗစ်-၁၉ လူနာသစ် ၁,၄၂၇ ဦးတွင် ရန်ကုန်က ၇၇၆ ဦး၊ မန္တလေးက ၃၀၄ ဦးဖြင့် အများဆုံးတွေ့ရှိ

မနေ့ညက ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ ပိုးတွေ့လူနာအသစ် ၁,၄၂၇ ယောက်ထဲမှာ ရန်ကုန်တိုင်း က ၇၇၆ ယောက်၊ မန္တလေးတိုင်းက ၃၀၄ ယောက်နဲ့ အများဆုံးတွေ့ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ညနေ ၄ နာရီမှာ ထုတ်ပြန်ပါတယ်။ ရန်ကုန်တိုင်းက အတည်ပြုလူနာတွေထဲမှာ မရမ်းကုန်းက ၇၁ ယောက်၊ မင်္ဂလာဒုံက ၅၈ ယောက်၊ ရွှေပြည်သာက ၅၁ ယောက်စီနဲ့ အများဆုံး တွေ့ရှိခဲ့ပြီး စုစုပေါင်း ၄၃ မြို့နယ် ပါဝင်နေတာ ဖြစ်ပါတယ်။ တိုင်းနဲ့ ပြည်နယ်တွေအလိုက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုအနေနဲ့ မန္တလေးတိုင်းမြို့နယ် ၁၉ ခုမှာ ၃၀၄ ယောက်၊ ဧရာဝတီတိုင်းမြို့နယ် ၁၆ ခုမှာ အယောက် ၁၀၀၊ ရခိုင်ပြည်နယ်မြို့နယ်  ၉ ခုမှာ  ၁၈ ယောက်၊ ပဲခူးတိုင်းမြို့နယ် ၁၃ ခုမှာ ၇၉ ယောက်၊ စစ်ကိုင်းတိုင်းမြို့နယ် ၈ ခုမှာ ၂၈ ယောက်၊ မွန်ပြည်နယ်မြို့နယ် ၇ ခုမှာ ၂၃ ယောက်၊ မကွေးတိုင်းမြို့နယ် ၇ ခုမှာ ၃၇ ယောက်၊ ရှမ်းပြည်နယ်မြို့ နယ် ၈ ခုမှာ ၁၀ ယောက်၊ ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ၂၁ ယောက်၊ တနင်္သာရီတိုင်းမြို့နယ် ၂ ခု မှာ ၁၁ ယောက်၊ နေပြည်တော် မြို့နယ် ၂ ခုမှာ ၃ ယောက်၊ ချင်းပြည်နယ် မြို့နယ် ၂ ခုမှာ ၂ ယောက်၊ ကရင်ပြည်နယ် မြို့နယ် ၂ ခုမှာ ၁၅ ယောက်စီ အသီးသီး တွေ့ရှိခဲ့ပါတယ်။ ဓာတ်ခွဲအတည်ပြုလူနာသစ်တွေထဲမှာ အနံ့မရရှိသူ ၃၂၀ ယောက် ပါဝင်တယ်လို့ ကျန်းမာရေး နဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံမှာ ဒီဇင်ဘာ ၉ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ စုစုပေါင်း  ၁၀၃,၁၆၆ ယောက်၊ သေဆုံးသူ ၂,၁၇၄ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူ ပေါင်း ၈၁,၇၁၅ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ကမ္ဘာတဝန်းမှာတော့ ဒီနေ့ညနေအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ  ၆၉ သန်း ကျော်၊ သေဆုံးသူ ၁ သန်းခွဲကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ  ၄၈ သန်းကျော် ရှိနေပြီ ဖြစ်ပါတယ်။  
5 months Ago

November 18, 2020

ကိုဗစ်-၁၉ လူနာသစ် ၁,၅၉၂ ဦးတွေ့ရှိ၊ သေဆုံးသူ ၂၅ ဦးထပ်တိုး

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရတဲ့ အတည်ပြုလူနာသစ် ၁,၅၉၂ ယောက်ထပ်မံတွေ့ရှိခဲ့ပြီး လူနာ ၂၅ ယောက်ထပ်မံသေဆုံးခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရပါတယ်။ သေဆုံးသူ ၂၅ ယောက်ထဲမှာ ၂၃ ယောက်က ရောဂါအခံရှိသူတွေဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ နိုဝင်ဘာ ၁၇  ရက် ည ၈ နာရီမှ နိုဝင်ဘာ ၁၈ ရက် ည ၈ နာရီအထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၂၁,၂၃၂ ခုကို စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ လူနာသစ် ၁,၅၉၂ ယောက် ထပ်မံတွေ့ရှိခဲ့တာပါ။ လူနာသစ်တွေနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ပြန်ကြေညာတာ မရှိသေးပါဘူး။ တိုင်းနဲ့ပြည်နယ်အသီးသီးမှာဒီနေ့ ဆေးရုံမှ ဆင်းခွင့်ရသူ အယောက် ၄၉၀ ရှိပြီး ပြည်သူ့ဆေးရုံတွေက ၃၄၇ ယောက်နဲ့ ရန်ကုန် ကိုဗစ်-၁၉ ကုသရေးဌာနတွေက ၁၄၃ ယောက် ပါဝင်တယ်လို့ ဆိုပါတယ်။ ရန်ကုန်တိုင်းအတွင်း အသွားအလာကန့်သတ်ထားရှိရာနေရာတွေက အတည်ပြုလူနာတွေနဲ့ အနီးကပ်ထိတွေ့ခဲ့သူတွေအနက် ရောဂါပိုးမတွေ့သူ အယောက် ၁,၀၇၀ ကို နေအိမ်တွေမှာ အသွားအလာကန့်သတ်ပြီး စောင့်ကြပ်ကြည့်ရှုသွားမယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ နိုဝင်ဘာ ၁၈ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း၇၃,၃၂၂ ယောက်၊ သေဆုံးသူ အယောက် ၁,၆၅၀ နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၅၄,၇၆၄ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
6 months Ago
More News
Up