လူနာများ၏ ရပိုင်ခွင့်များ

September 1, 2019

လူနာများ၏ ရပိုင်ခွင့်များ (မိမိ၏ ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်နှင့် ပတ်သက်သည့် ရပိုင်ခွင့်)

ဖြစ်ရပ်နမူနာ (၁)

မောင်မောင်ဟာ ပန်ကရိယကင်ဆာဝေဒနာ ခံစားနေရသူဖြစ်ပါတယ်။ သူ့ရောဂါအခြေအနေဟာ အတော်လေး ဆိုးရွားနေပြီး လပိုင်းခန့်ပဲ အသက်ရှင်တော့မယ်လို့ ဆရာဝန်က ခန့်မှန်းထားပါတယ်။ ဒါပေမယ့် အဲဒီခန့်မှန်းချက်ကို မောင်မောင်ရဲ့ မိသားစုဝင်တွေပဲ သိရှိထားပြီး ကာယကံရှင်ဖြစ်သူ မောင်မောင်တစ်ယောက် လုံးဝမသိပါဘူး။ အခြေအနေဆိုးနေသည့်တိုင် မောင်မောင်ဟာ သူ႔ေရာဂါကို ပျောက်ကင်းအောင်ကုသနိုင်မယ်လို့ ယုံကြည်နေတုန်းပဲ ဖြစ်ပါတယ်။

ဖြစ်ရပ်နမူနာ (၂)

ဒေါ်ချိုဟာ ဆေးရုံမှာ ကျန်းမာရေးစစ်ဆေးခြင်းကို သွားရောက်ပြုလုပ်ပါတယ်။ ကိစ္စတစ်ခုပေါ်လာလို့ ခရီးထွက်သွားတဲ့ ဒေါ်ချိုဟာ ဆေးရုံက ဆေးစစ်ချက်အဖြေတွေကို သူမနဲ့ ခင်မင်နေတဲ့ မချောကို လှမ်းပြောပေးဖို့ ဆေးရုံကို မှာခဲ့ပါတယ်။ ဒေါ်ချိုရဲ့ ညီမဖြစ်သူ ဒေါ်ပိုကတော့ ဆေးရုံကိုရောက်လာပြီး သူ့ကိုပဲဖွင့်ပြောဖို့ ပြောပါတယ်။

ဒီဥပမာတွေဟာ လူနာတွေရဲ့ ကျန်းမာရေးသတင်းအချက်အလက်ဆိုင်ရာကိစ္စတွေကို ကိုင်တွယ်ရာမှာ ကြုံတွေ့ရတဲ့ အငြင်းပွားစရာကိစ္စတွေကို ဖော်ပြထားခြင်းဖြစ်ပါတယ်။

အကယ်၍ အဲဒီဖြစ်ရပ်တွေမှာ သင်သာ လူနာအနေနဲ့ (သို့) လူနာရဲ့မိသားစုဝင်အနေနဲ့ (သို့) ကျန်းမာရေးစောင့်ရှောက်သူအနေနဲ့ ပါဝင်ကြုံတွေ့ရရင် ဘယ်လိုဆုံးဖြတ်မယ် ထင်ပါသလဲ။

လူနာတွေရဲ့ သတင်းအချက်အလက်တွေနဲ့ ပတ်သက်ရင် လိုက်နာရမယ့် နည်းလမ်း (သို့) စည်းမျဉ်း ရှိပါသလား။

ဒီအကြောင်းနဲ့ ပတ်သက်ရင်တော့ ၁၉၈၁၊ ပေါ်တူဂီနိုင်ငံ၊ လစ္စဘွန်းမြို့မှာ ပြုလုပ်ခဲ့တဲ့ (၃၄) ကြိမ်မြောက် ကမ္ဘာ့ဆေးပညာဆိုင်ရာညီလာခံကနေ လူနာများရဲ့ ရပိုင်ခွင့် (သို့) အခွင့်အရေးနဲ့စပ်လျဉ်းတဲ့ ဆုံးဖြတ်ချက်တချို့ချမှတ်ခဲ့ပါတယ်။ ဒါကို လစ္စဘွန်းကြေငြာစာတမ်းလို့ သိကြပါတယ်။

အဲဒီကြေငြာစာတမ်းမှာ လူနာတွေရဲ့ ရပိုင်ခွင့် (၁၁) ချက်ကို ဖော်ပြထားပြီး သတင်းအချက်အလက်ဆိုင်ရာနဲ့ ပတ်သက်တဲ့ ဖော်ပြချက်တွေလည်း (၅) ချက် ပါဝင်ပါတယ်။

Patient’s Right to Information အတွက်ကြေငြာချက်ကို ဖော်ပြရမယ်ဆိုရင်-

၁။ လူနာတစ်ဦးဟာ သူ့ရဲ့ကျန်းမာရေးအခြေအနေ၊ ဆေးကုသမှုမှတ်တမ်း စတာတွေကို အပြည့်အဝသိရှိပိုင်ခွင့် ရှိရပါမယ်။ သူ့ရဲ့မှတ်တမ်းမှာ တခြားတတိယလူတစ်ဦးဦးရဲ့ အတွင်းရေး အချက်အလက်ပါ ပါဝင်ခဲ့မယ်ဆိုရင်တော့ တတိယလူရဲ့ သဘောတူညီချက်မပါဘဲ လူနာဟာ သိရှိခွင့်မရှိပါဘူး။

၂။ ခြွင်းချက်အနေနဲ့ လူနာကိုပေးသိမယ့် သတင်းအချက်အလက်ဟာ အဲဒီလူနာရဲ့ အသက်နဲ့ ကျန်းမာရေးအခြေအနေကို ဆိုးရွားစွာ ထိခိုက်သွားစေနိုင်ဖို့ အကြောင်းခိုင်လုံရင်တော့ ပေးမသိဘဲထားနိုင်ပါတယ်။

၃။ လူနာကို ဖွင့်ပြောပြမယ့် အချက်အလက်အကြောင်းအရာဟာ လူနာရဲ့ယဉ်ကျေးမှုဓလေ့နဲ့ သင့်တော်ကိုက်ညီပြီး လူနာကကောင်းစွာ လက်ခံနားလည်မယ့် နည်းလမ်းနဲ့ ဖွင့်ပြောခြင်း ဖြစ်ရပါမယ်။

၄။ သတင်းအချက်အလက်ဟာ တခြားလူပုဂ္ဂိုလ်တစ်ဦးဦးရဲ့ အသက်နဲ့ဆိုင်တဲ့ကိစ္စမဟုတ်ရင် လူနာအနေနဲ့ သူ့ကို ဖွင့်ဟမပြောပြဖို့ မေတ္တာရပ်ခံပိုင်ခွင့်ရှိပါတယ်။ တစ်နည်းပြောရရင် မသိလိုက မသိဘဲ နေနိုင်ပါတယ်။

၅။ လူနာဟာ သူ့ကိုယ်စား သတင်းအချက်အလက်တွေ လက်ခံဖို့ ဘယ်သူ့ကိုမဆို ရွေးချယ်ပိုင်ခွင့် ရှိပါတယ်။

ဒါတွေကတော့ လူနာရဲ့ သတင်းအချက်အလက်ဆိုင်ရာ ရပိုင်ခွင့်တွေ ဖြစ်ပါတယ်။

အလွယ်ပြောရရင် လူနာဟာ မိမိကျန်းမာရေးနဲ့ ပတ်သက်ပြီး စစ်ဆေးမှုရလဒ်တွေ၊ ဆေးမှတ်တမ်းတွေ၊ ရောဂါတိုးတက်မှု ဆုတ်ယုတ်မှု အချက်အလက်တွေကို အလုံးစုံသိရှိပိုင်ခွင့်ရှိပါတယ်။ မသိချင်တဲ့ ဆန္ဒရှိရင်လည်း အဲဒီဆန္ဒကို လေးစားရမှာ ဖြစ်ပါတယ်။ သူ့ရဲ့အချက်အလက်တွေကို သူ့ကိုယ်စား တစ်ယောက်ယောက်ကို ဖွင့်ပြောဖို့ ဆန္ဒရှိရင်လည်း ဘယ်သူ့ကိုမဆို ဖွင့်ပြောပြရမှာ ဖြစ်ပါတယ်။

စဉ်းစားရမှာကတော့ လူနာဟာ သူသိရမယ့် အချက်အလက်ကို လက်ခံနိုင်ဖို့ အင်အားရှိရဲ့လား ဆိုတာပါပဲ။ လူနာရဲ့အချက်အလက်မှန်သမျှ လူနာကိုပဲ ပြောရမယ်လို့ တရားသေသဘော မဟုတ်ပါဘူး။

ခြုံပြောရရင် ဒီကြေငြာစာတမ်းဟာ လူနာရဲ့အကျိုးစီးပွားအတွက် ဦးစားပေးထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါတယ်။

အကယ်၍ ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်များနဲ့ ပတ်သက်တဲ့ လူနာများရဲ့ရပိုင်ခွင့်နဲ့ ပတ်သက်ပြီး အငြင်းပွားစရာ ကိစ္စလေးတွေပေါ်လာရင် လစ္စဘွန်းကြေငြာစာတမ်းကို မိမိတို့ရဲ့ကာလံဒေသံအလိုက် ကိုးကားအသုံးပြုနိုင်ဖို့ပဲ ဖြစ်ပါတယ်။

ရေးသားသူ Dr. Thant Zin ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။ ~~~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version လူနာမ်ား၏ ရပိုင္ခြင့္မ်ား (မိမိ၏ က်န္းမာေရးဆိုင္ရာ သတင္းအခ်က္အလက္ႏွင့္ ပတ္သက္သည့္ ရပိုင္ခြင့္) ျဖစ္ရပ္နမူနာ (၁) ေမာင္ေမာင္ဟာ ပန္ကရိယကင္ဆာေဝဒနာ ခံစားေနရသူျဖစ္ပါတယ္။ သူ႔ေရာဂါအေျခအေနဟာ အေတာ္ေလး ဆုိးရြားေနျပီး လပိုင္းခန္႔ပဲ အသက္ရွင္ေတာ႔မယ္လုိ႔ ဆရာ၀န္က ခန္႔မွန္းထားပါတယ္။ ဒါေပမယ္႔ အဲဒီခန္႔မွန္းခ်က္ကုိ ေမာင္ေမာင္ရဲ့ မိသားစု၀င္ေတြပဲ သိရွိထားျပီး ကာယကံရွင္ျဖစ္သူ ေမာင္ေမာင္တစ္ေယာက္ လုံး၀မသိပါဘူး။ အေျခအေနဆုိးေနသည္႔တိုင္ ေမာင္ေမာင္ဟာ သူ႔ေရာဂါကုိ ေပ်ာက္ကင္းေအာင္ကုသႏိုင္မယ္လုိ႔ ယုံၾကည္ေနတုန္းပဲ ျဖစ္ပါတယ္။ … ျဖစ္ရပ္နမူနာ (၂) ေဒၚခ်ဳိဟာ ေဆးရုံမွာ က်န္းမာေရးစစ္ေဆးျခင္းကုိ သြားေရာက္ျပဳလုပ္ပါတယ္။ ကိစၥတစ္ခုေပၚလာလုိ႔ ခရီးထြက္သြားတဲ့ ေဒၚခ်ဳိဟာ ေဆးရုံက ေဆးစစ္ခ်က္အေျဖေတြကုိ သူမနဲ႔ ခင္မင္ေနတဲ့ မေခ်ာကုိ လွမ္းေျပာေပးဖုိ႔ ေဆးရုံကုိ မွာခဲ့ပါတယ္။ ေဒၚခ်ဳိရဲ့ ညီမျဖစ္သူ ေဒၚပုိကေတာ႔ ေဆးရုံကုိေရာက္လာျပီး သူ႔ကုိပဲဖြင္႔ေျပာဖုိ႔ ေျပာပါတယ္။ … ဒီဥပမာေတြဟာ လူနာေတြရဲ့ က်န္းမာေရးသတင္းအခ်က္အလက္ဆိုင္ရာကိစၥေတြကုိ ကိုင္တြယ္ရာမွာ ၾကဳံေတြ႔ရတဲ့ အျငင္းပြားစရာကိစၥေတြကုိ ေဖာ္ျပထားျခင္းျဖစ္ပါတယ္။ အကယ္၍ အဲဒီျဖစ္ရပ္ေတြမွာ သင္သာ လူနာအေနနဲ႔ (သုိ႔) လူနာရဲ့မိသားစု၀င္အေနနဲ႔ (သုိ႔) က်န္းမာေရးေစာင္႔ေရွာက္သူအေနနဲ႔ ပါ၀င္ၾကဳံေတြ႔ရရင္ ဘယ္လုိဆုံးျဖတ္မယ္ ထင္ပါသလဲ။ လူနာေတြရဲ့ သတင္းအခ်က္အလက္ေတြနဲ႔ ပတ္သက္ရင္ လိုက္နာရမယ္႔ နည္းလမ္း (သုိ႔) စည္းမ်ဥ္း ရွိပါသလား။ ဒီအေၾကာင္းနဲ႔ ပတ္သက္ရင္ေတာ႔ ၁၉၈၁၊ ေပၚတူဂီႏိုင္ငံ၊ လစၥဘြန္းျမဳိ႕မွာ ျပဳလုပ္ခဲ့တဲ့ (၃၄) ၾကိမ္ေျမာက္ ကမၻာ႔ေဆးပညာဆိုင္ရာညီလာခံကေန လူနာမ်ားရဲ့ ရပိုင္ခြင္႔ (သုိ႔) အခြင္႔အေရးနဲ႔စပ္လ်ဥ္းတဲ့ ဆုံးျဖတ္ခ်က္တခ်ဳိ႕ခ်မွတ္ခဲ့ပါတယ္။ ဒါကုိ လစၥဘြန္းေၾကျငာစာတမ္းလုိ႔ သိၾကပါတယ္။ အဲဒီေၾကျငာစာတမ္းမွာ လူနာေတြရဲ့ ရပိုင္ခြင္႔ (၁၁) ခ်က္ကုိ ေဖာ္ျပထားျပီး သတင္းအခ်က္အလက္ဆိုင္ရာနဲ႔ ပတ္သက္တဲ့ ေဖာ္ျပခ်က္ေတြလည္း (၅) ခ်က္ ပါ၀င္ပါတယ္။ Patient’s Right to Information အတြက္ေၾကျငာခ်က္ကုိ ေဖာ္ျပရမယ္ဆုိရင္- ၁။ လူနာတစ္ဦးဟာ သူ႔ရဲ့က်န္းမာေရးအေျခအေန၊ ေဆးကုသမႈမွတ္တမ္း စတာေတြကုိ အျပည္႔အ၀သိရွိပိုင္ခြင္႔ ရွိရပါမယ္။ သူ႔ရဲ့မွတ္တမ္းမွာ တျခားတတိယလူတစ္ဦးဦးရဲ့ အတြင္းေရး အခ်က္အလက္ပါ ပါ၀င္ခဲ့မယ္ဆုိရင္ေတာ႔ တတိယလူရဲ့ သေဘာတူညီခ်က္မပါဘဲ လူနာဟာ သိရွိခြင္႔မရွိပါဘူး။ ၂။ ျခြင္းခ်က္အေနနဲ႔ လူနာကုိေပးသိမယ္႔ သတင္းအခ်က္အလက္ဟာ အဲဒီလူနာရဲ့ အသက္နဲ႔ က်န္းမာေရးအေျခအေနကုိ ဆုိးရြားစြာ ထိခိုက္သြားေစႏိုင္ဖုိ႔ အေၾကာင္းခိုင္လုံရင္ေတာ႔ ေပးမသိဘဲထားႏိုင္ပါတယ္။ ၃။ လူနာကုိ ဖြင္႔ေျပာျပမယ္႔ အခ်က္အလက္အေၾကာင္းအရာဟာ လူနာရဲ့ယဥ္ေက်းမႈဓေလ႔နဲ႔ သင္႔ေတာ္ကုိက္ညီျပီး လူနာကေကာင္းစြာ လက္ခံနားလည္မယ္႔ နည္းလမ္းနဲ႔ ဖြင္႔ေျပာျခင္း ျဖစ္ရပါမယ္။ ၄။ သတင္းအခ်က္အလက္ဟာ တျခားလူပုဂၢဳိလ္တစ္ဦးဦးရဲ့ အသက္နဲ႔ဆိုင္တဲ့ကိစၥမဟုတ္ရင္ လူနာအေနနဲ႔ သူ႔ကုိ ဖြင္႔ဟမေျပာျပဖုိ႔ ေမတၱာရပ္ခံပိုင္ခြင္႔ရွိပါတယ္။ တစ္နည္းေျပာရရင္ မသိလုိက မသိဘဲ ေနႏိုင္ပါတယ္။ ၅။ လူနာဟာ သူ႔ကုိယ္စား သတင္းအခ်က္အလက္ေတြ လက္ခံဖုိ႔ ဘယ္သူ႔ကုိမဆုိ ေရြးခ်ယ္ပိုင္ခြင္႔ ရွိပါတယ္။ ဒါေတြကေတာ႔ လူနာရဲ့ သတင္းအခ်က္အလက္ဆိုင္ရာ ရပိုင္ခြင္႔ေတြ ျဖစ္ပါတယ္။ အလြယ္ေျပာရရင္ လူနာဟာ မိမိက်န္းမာေရးနဲ႔ ပတ္သက္ျပီး စစ္ေဆးမႈရလဒ္ေတြ၊ ေဆးမွတ္တမ္းေတြ၊ ေရာဂါတုိးတက္မႈ ဆုတ္ယုတ္မႈ အခ်က္အလက္ေတြကုိ အလုံးစုံသိရွိပိုင္ခြင္႔ရွိပါတယ္။ မသိခ်င္တဲ့ ဆႏၵရွိရင္လည္း အဲဒီဆႏၵကုိ ေလးစားရမွာ ျဖစ္ပါတယ္။ သူ႔ရဲ့အခ်က္အလက္ေတြကုိ သူ႔ကုိယ္စား တစ္ေယာက္ေယာက္ကုိ ဖြင္႔ေျပာဖုိ႔ ဆႏၵရွိရင္လည္း ဘယ္သူ႔ကုိမဆုိ ဖြင္႔ေျပာျပရမွာ ျဖစ္ပါတယ္။ စဥ္းစားရမွာကေတာ႔ လူနာဟာ သူသိရမယ္႔ အခ်က္အလက္ကုိ လက္ခံႏိုင္ဖုိ႔ အင္အားရွိရဲ့လား ဆုိတာပါပဲ။ လူနာရဲ့အခ်က္အလက္မွန္သမွ် လူနာကုိပဲ ေျပာရမယ္လုိ႔ တရားေသသေဘာ မဟုတ္ပါဘူး။ ျခဳံေျပာရရင္ ဒီေၾကျငာစာတမ္းဟာ လူနာရဲ့အက်ဳိးစီးပြားအတြက္ ဦးစားေပးထုတ္ျပန္ခဲ့ျခင္း ျဖစ္ပါတယ္။ အကယ္၍ က်န္းမာေရးဆိုင္ရာ သတင္းအခ်က္အလက္မ်ားနဲ႔ ပတ္သက္တဲ့ လူနာမ်ားရဲ့ရပိုင္ခြင္႔နဲ႔ ပတ္သက္ျပီး အျငင္းပြားစရာ ကိစၥေလးေတြေပၚလာရင္ လစၥဘြန္းေၾကျငာစာတမ္းကုိ မိမိတုိ႔ရဲ့ကာလံေဒသံအလိုက္ ကုိးကားအသုံးျပဳႏိုင္ဖုိ႔ပဲ ျဖစ္ပါတယ္။ ေရးသားသူ Dr. Thant Zin ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။
2 years Ago
Up