လူနာမတွေ့

A d v e r t i s e m e n t With Us

May 28, 2020

ဓာတ်ခွဲနမူနာ  ၁,၃၀၀ ကျော်ကို စစ်ဆေးရာတွင်   ကိုဗစ်-၁၉  အတည်ပြုလူနာမတွေ့ရှိ

ဓာတ်ခွဲနမူနာ  ၁,၃၀၀ ကျော်ကို စစ်ဆေးရာမှာ  ကိုဗစ်-၁၉  အတည်ပြုလူနာထပ် မတွေ့ရဘူးလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ မနက် သတင်းထုတ်ပြန်ပါတယ်။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)မှ ဓာတ်ခွဲနမူနာ ၁,၀၂၆ ခု၊  ဆေးသုတေသနဦးစီးဌာနမှ ဓာတ်ခွဲနမူနာ ၁၅၁ ခု၊  ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော် ဆေးရုံကြီး (ခုတင်-၁,၀၀၀) မှ ဓာတ်ခွဲ နမူနာ ၁၆၆ ခု၊ စုစုပေါင်း ၁,၃၄၃  ခုကို မနေ့ညနဲ့ ဒီကနေ့ မနက် စစ်ဆေးပြီးစီးခဲ့တယ်လို့ဆိုပါတယ်။ မေလ ၂၈ ရက် မနက် ၇ နာရီအထိ  မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉  ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာပေါင်း ၂၀၆  ဦး၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်လာသူ ၁၂၆ ဦး ရှိသွားပြီလို့  ကျန်းမာရေးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။ 
9 months Ago
Up