လူနာနံပါတ် ၂၇

A d v e r t i s e m e n t With Us

April 13, 2020

လူနာနံပါတ် ၂၇ နှင့် ထိတွေ့ခဲ့သည့် မိသားစုဝင် ၁၅ ဦး ရောဂါပိုးမတွေ့

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်က COVID-19 ရောဂါပိုး တွေ့ရှိခဲ့တဲ့ လူနာနံပါတ် ၂၇ နဲ့ ထိတွေ့ခဲ့တဲ့ မိသားစုဝင် ၁၅ ဦးမှာ ရောဂါပိုးမတွေ့ဘူးလို့ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာဝတ်မှုံက DVB ကို အတည်ပြုပါတယ်။ လူနာနံပါတ် ၂၇ နဲ့ ထိတွေ့ခဲ့တဲ့ မိသားစုဝင် ၇ ဦး၊ သူမနဲ့အတူ နေထိုင်ခဲ့တဲ့ မိသားစုဝင် ၈ ဦး၊ စုစုပေါင်း ၁၅ ဦးရဲ့ ဆေးစစ်ချက်တွေကို အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန NHL မှာ ပို့ဆောင်စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။ ဆေးစစ်ချက် အဖြေအရ ရောဂါပိုး မတွေ့တဲ့အတွက်ကြောင့် လူနာနံပါတ် ၂၇ နဲ့ ထိတွေ့ခဲ့တဲ့ မိသားစုဝင် ၁၅ ဦးကို Facility Quarantine Camp ကို ပြောင်းလဲစောင့်ကြည့်တော့မှာ ဖြစ်ပါတယ်။ လူနာနံပါတ် ၂၇ ဟာ လက်ရှိမှာ ဗိုက်အောင့်တဲ့ အမျိုးသမီး ရောဂါလက္ခဏာလည်း သက်သာလာပြီး ကျန်းမာရေး ကောင်းမွန်နေတယ်လို့ ဒေါက်တာဝတ်မှုံက ပြောပါတယ်။
11 months Ago

April 11, 2020

COVID-19 လူနာနံပါတ် ၂၇ နှင့် ထိတွေ့ခဲ့သူများကို စုံစမ်း၊ မိသားစုဝင် ၁၆ ဦးကို စောင့်ကြည့်  

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်မှာ ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါပိုးတွေ့သူနဲ့ ထိတွေ့ခဲ့တဲ့သူတွေကို စုံစမ်းဖော်ထုတ်နေပြီး လတ်တလောမှာတော့ မိသားစုဝင် ၁၆ ဦးကို Hospital Quarantine ထားပြီး စတင် စောင့်ကြည့်နေပါတယ်။  ကျိုက်မရောမြို့နယ်မှာ ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါပိုးတွေ့ရှိခဲ့တဲ့ ထိုင်းနိုင်ငံက ပြန်လာသူ လူနာနံပါတ် ၂၇ နဲ့ ထိတွေ့ခဲ့သူတွေကို စတင် ဖော်ထုတ်နေတာပါ။ အခုလို စုံစမ်းဖော်ထုတ်ရာမှာ လူနာနံပါတ် ၂၇ ဟာ ကျိုက်မရောမြို့နယ် ပြည်သူ့ဆေးရုံမှာ ကြက်ခတ်ကုန်းကျေးရွာ အမျိုးသမီးတဦးနဲ့ ၈ ရက်အကြာ အတူ နေထိုင်ခဲ့ပါတယ်။ ဒါကြောင့် အတူနေထိုင်ခဲ့တဲ့ အမျိုးသမီးရဲ့ မိသားစုဝင် ၈ ဦးအပြင် လူနာနံပါတ် ၂၇ ရဲ့ မိသားစုဝင် ၈ ဦး၊ စုစုပေါင်း ၁၆ ဦးကို မော်လမြိုင်ပြည်သူ့ဆေးရုံမှာ စတင်စောင့်ကြည့်နေတယ်လို့ မွန်ပြည်နယ် ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစောအောင်မြင့်ခိုင်က ပြောပါတယ်။ လက်ရှိမှာတော့ အဆိုပါ အမျိုးသမီးတွေနဲ့ ထိတွေ့ခဲ့တဲ့သူတွေကို ဆက်လက် ဖော်ထုတ်နေတာပြီး သူတို့ရဲ့ နှစ်ဦး နေထိုင်ခဲ့တဲ့ နေအိမ် ပတ်ဝန်းကျင်က အိမ် ၁၇ လုံးကိုလည်း Lockdown ချထားလိုက်ပါတယ်။ ဒါ့အပြင် သူတို့နှစ်ဦးရဲ့ ကျေးရွာတွေကို ပိုးသတ်ဆေးဖျန်းဖို့နဲ့ ရွာလုံးကျွတ် mask တွေ တပ်ဆင်ဖို့ မွန်ပြည်နယ် အစိုးရအဖွဲ့က ညွှန်ကြားထားပါတယ်။ အခုလို Lockdown ချပြီး အသွားအလာ ကန့်သတ်ထားတဲ့ နေအိမ်တွေကို မွန်ပြည်နယ် အစိုးရအဖွဲ့နဲ့ လူမှုအဖွဲ့အစည်းတွေက အစားအသောက်တွေ အပြည့်အဝ ထောက်ပံ့ပေးသွားမယ်လို့ မွန်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦးက ပြောပါတယ်။ ကိုရိုနာဗိုင်းရပ် Covid 19 ရောဂါ ပိုးတွေ့ခဲ့တဲ့ လူနာ နံပါတ် ၂၇ နဲ့ ထိတွေ့ခဲ့တဲ့ မိသားစုဝင်တွေအပြင် အတူနေ အမျိုးသမီး မိသားစုဝင်တွေရဲ့ ဆေးစစ်ဆေးချက်တွေကို အမျိုးသားဓာတ်ခွဲဌာန NHL ကို ပို့ဆောင်စစ်ဆေးသွားမယ်လို့ မွန်ပြည်နယ် ကုသရေးနဲ့ ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာထွန်းအောင်ကြည်က ဒီဗွီဘီကို ပြောပါတယ်။ ဇော်လွင်ထွဋ်
11 months Ago
Up