လူနာတင်ယာဉ် ၁၄ စီး

July 22, 2021

ဂျပန်အစိုးရက အောက်ဆီဂျင်ဘူး ၇၀၀ နှင့် လူနာတင်ယာဉ် ၁၄ စီး ထောက်ပံ့မည်

ကိုဗစ်-၁၉ ကူးစက်မှုနဲ့ သေဆုံးနှုန်း မြင့်တက်လာနေတဲ့ မြန်မာနိုင်ငံကို ကုလသမဂ္ဂစီမံကိန်း ဝန်ဆောင်မှုများရုံး (UNOPS) က တဆင့် အသက်ကယ်အောက်ဆီဂျင်ဘူး ၇၀၀ နဲ့ လူနာတင်ယာဉ် ၁၄ စီး ထောက်ပံ့ပေးသွားမယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင်လ ၂၁ ရက်မှာ ကြေညာပါတယ်။

အခုနှစ် ဇွန်လကုန်ကတည်းက မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်နှုန်းများလာပြီး သေဆုံးသူ ဦးရေဟာလည်း နေ့စဉ်ရာနဲ့ချီ မြင့်တက်ခဲ့တာကြောင့် လိုအပ်တဲ့ ကုသမှုတွေ ပြုလုပ်နိုင်ဖို့အတွက် ဂျပန်အစိုးရက အခုလို ဆုံးဖြတ်ချခဲ့တာလို့ ဆိုပါတယ်။

အခုလို ကူညီတာဟာ စစ်ကောင်စီကို ထောက်ပံ့မှုမဟုတ်ဘဲ ကုလသမဂ္ဂစီမံကိန်း၀န်ဆောင်မှုများရုံး (UNOPS) က အကောင်အထည်နေတဲ့ လက်ရှိစီမံကိန်းကတဆင့် လှူဒါန်းမှုတွေ ဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

UNOPS ကတဆင့် မြန်မာပြည်သူတွေ ချက်ချင်းအသုံးပြုစေနိုင်ဖို့ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျန်းမာရေးစောင့်ရှောက်မှုဌာနတွေကို တိုက်ရိုက်ပံ့ပိုးမှာဖြစ်ပြီး  လူနာတင်ယာဉ် ၁၄ စီးကိုလည်း ဒေသအသီးသီးရှိ ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းတွေကို လွှဲပြောင်းပေးအပ်သွားမယ်လို့ ဆိုပါတယ်။

6 months Ago
Up