လူထောင်ချီ တက်

November 21, 2020

ဘဲလာရုစ်လုံခြုံရေးများ၏ ရိုက်နှက်မှုကြောင့် သေဆုံးခဲ့သူ နာရေး လူထောင်ချီ တက်ရောက်

ဘဲလာရုစ်လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ရိုက်နှက်လို့ သေဆုံးခဲ့တဲ့ ဆန္ဒပြသူတစ်ဦးရဲ့ ဈာပနကို နိုဝင်ဘာလ ၂၀ ရက်က မြို့တော် မင့်စ်မှာ  ပြုလုပ်ခဲ့ပြီး လူပေါင်းထောင်ချီ တက်ရောက်ခဲ့ပါတယ်။   အသက် ၃၁ နှစ်အရွယ် ရာမန် ဘွန်ဒဲရန်ကိုဟာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ပြင်းပြင်းထန်ထန် ရိုက်နှက်တာကို ခံရပြီးနောက် ပြီးခဲ့တဲ့ သီတင်းပတ်က ဆေးရုံမှာ ကွယ်လွန်ခဲ့ပါတယ်။  ဒီကိစ္စနဲ့ပတ်သက်လို့ ဘဲလာရုစ်ပြည်ထဲရေးဌာနက တာဝန်ခံဖို့ ငြင်းဆန်ခဲ့ပါတယ်။ ဘွန်ဒဲရန်ကို သေဆုံးတဲ့အပေါ်မှာ ဥရောပသမဂ္ဂက ပြစ်တင်ရှုတ်ချခဲ့ပြီး ဆန္ဒပြသူတွေ ဖိနှိပ်ခံရတာကို  တုံ့ပြန်တဲ့အနေနဲ့  ဘဲလာရုစ်အစိုးရကို  ပိတ်ဆို့မှု အသစ်တွေ ချမှတ်သွားမယ်လို့ နိုဝင်ဘာ ၁၉ ရက်မှာ ကြေညာခဲ့ပါတယ်။   ဈာပနပွဲမှာ လူအုပ်ကြီးက ဘွန်ဒဲရန်ရဲ့ နောက်ဆုံးစာသားကို ဟစ်ကြွေးကြသလို ဘဲလာရုစ် အဓွန့်ရှည်ပါစေဆိုပြီးလည်း အော်ဟစ်ကြပါတယ်။  လမ်းထဲမှာ ကားဟွန်းသံတွေ ဆူညံသွားခဲ့သလို  ဘွန်ဒဲရန်ရဲ့ ခေါင်းတလား သယ်လာချိန်မှာ တော့ ထောင်နဲ့ချီတဲ့ လူတွေက လက်ခုပ်သြဘာပေးခဲ့ပါတယ်။  
5 months Ago
Up